ဟေရှာယ 29:21 - မြန်မာ့စံမီသမ္မာကျမ်း21 စကားအားဖြင့် လူကိုအပြစ်ပြုစေသောသူ၊ မြို့တံခါးဝတွင် အဆုံးအဖြတ်ပေးသူကိုထောင်ချောက်ဆင်သောသူ၊ ဖြောင့်မတ်သောသူကို အကြောင်းမဲ့ဘေးဖယ်သူ အပေါင်းတို့သည် ဖယ်ရှားခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ဘုရားသခင်သည်သူတစ်ပါးတို့ကို အသရေဖျက်သူများ၊ ရာဇဝတ်သင့်သူ တို့ကိုအပြစ်ဒဏ်နှင့်ကင်းလွတ်အောင်ဆောင် ရွက်ကြသူများနှင့်ရိုးဖြောင့်သူတို့တရား မျှတစွာစီရင်ဆုံးဖြတ်ခြင်းမခံရစေ ရန်လိမ်လည်၍ သက်သေခံသောသူတို့ အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible21 တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှာ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေသောသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။ အခန်းကိုကြည့်ပါ။ |
ဆင်းရဲသောသူတို့၏အမှုကို ရှောင်လွှဲဖို့၊ အဖိနှိပ်ခံရသော ငါ၏လူမျိုးတော်၏အခွင့်အရေးကို ပိတ်ပင်ဖို့၊ မုဆိုးမတို့ကို သားကောင်ဖြစ်စေဖို့၊ မိဘမဲ့တို့၏ဥစ္စာကိုလုယူဖို့ မတရားသောဥပဒေကို ပြဋ္ဌာန်းသောသူနှင့် ကြပ်တည်းသောစည်းမျဉ်းကိုရေးဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။