‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
ဟဗက္ကုတ် 1:2 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ မည်မျှကြာအောင် အကျွန်ုပ် အကူအညီအော်ဟစ်တောင်းခံရပါမည်နည်း။ အကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော် နားညောင်းတော်မမူ။ “အကြမ်းဖက်ခံရပါ၏”ဟု အော်ဟစ်သော်လည်း ကိုယ်တော် မကယ်တင်ပါတကား။ Common Language Bible ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။- Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် နား ညောင်း တော် မ မူ ဘဲ၊ မည် မျှ ကြာ ကြာ အကျွန်ုပ် အော် ရ ပါ မည် နည်း။ အ ဓ မ္မ ပါ တ ကား ဟု ဟစ် သော် လည်း၊ ကယ် တော် မ မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ |
‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။
ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။