မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
ဟ္ဂဲ 2:6 - မြန်မာ့စံမီသမ္မာကျမ်း မကြာမီအချိန်တွင် ငါသည် ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် ကုန်းမြေတို့ကို လှုပ်ခါဦးမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မကြာမီပင်မိုးကောင်းကင်နှင့်မြေ ကြီးကိုလည်းကောင်း၊ ကုန်းနှင့်ပင်လယ် ကိုလည်းကောင်းတုန်လှုပ်စေ၍၊- Garrad Bible ငါ သည် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို လည်း ကောင်း၊ သ မု ဒ္ဒ ရာ နှင့် ကုန်း ကို လည်း ကောင်း၊ တစ် ကြိမ် တည်း လှုပ် ရှား မည်။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။ |
မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
အကြောင်းမူကား သင်တို့အပေါ် ထားသောငါ့အမျက်သည် မကြာမီပြေလိမ့်မည်။ ငါ၏အမျက်ဒေါသသည် သူတို့ဖက်သို့ရောက်၍ သူတို့ကိုဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
တစ်ခဏတာအတွင်း လက်ဘနွန်တောင်သည် သီးနှံဖြစ်ထွန်းသောမြေဖြစ်သွားမည်။ သီးနှံဖြစ်ထွန်းသောမြေသည် တောအုပ်ကဲ့သို့ထင်မှတ်ခံရမည် မဟုတ်လော။
ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒအမျိုးအနွယ်၊ အစ္စရေးအမျိုးအနွယ်တို့ကို ကောင်းကျိုးချမ်းသာပြုပေးမည်ဟူသော ငါ့ကတိကို ပြည့်စုံစေမည့်နေ့ရောက်လာလေပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဘေဘီလုံသမီးပျိုသည် တလင်းနယ်ချိန်၌ နင်းနယ်ခံရသောကောက်နယ်တလင်းနှင့်တူ၏။ တစ်ခဏချင်းတွင် ရိတ်သိမ်းချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
စိတ်အားကြီးလျက်၊ အမျက်မီးတောက်လောင်လျက် ငါမိန့်ဆိုပြီ။ ထိုနေ့၌ အစ္စရေးပြည်တွင် ငလျင်ပြင်းစွာလှုပ်ခတ်လိမ့်မည်။
ပင်လယ်ငါးများ၊ မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များ၊ မြေပေါ်မှာတွားသွားသောသတ္တဝါများအပါအဝင် ကမ္ဘာမြေပေါ်ရှိလူသားအားလုံးတို့သည် ငါ့မျက်မှောက်တွင် တုန်လှုပ်ကြလိမ့်မည်။ တောင်များလည်း ပြိုကျလိမ့်မည်။ ချောက်ကမ်းပါးများလည်း လဲပြိုကျလိမ့်မည်။ မြို့ရိုးလည်း မြေတိုင်အောင် လဲပြိုကျလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
အကြောင်းမူကား “ကြွလာတော်မူမည့်အရှင်သည် ကြန့်ကြာခြင်းမရှိဘဲ မကြာမီကြွလာတော်မူလိမ့်မည်။
ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲတိုင်တိုင်ကြည့်ရှုကြပြီး ထိုအလောင်းများကို သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့်မပေးဘဲနေကြလိမ့်မည်။