ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ဟေရှာယ 7:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ထိုအကြံအထမမြောက်ရ၊ ထိုသို့မဖြစ်ရ။ Common Language Bible သို့ရာတွင် အရှင်ထာဝရဘုရားဖွင့်ဟ ကြေညာသည်မှာ``ဤသို့အဘယ်အခါ ၌မျှဖြစ်ရလိမ့်မည်မဟုတ်။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား က၊ ထို အ ကြံ မ မြောက် ရ၊ တည် လည်း မ တည် ရ ဟု မိန့် တော် မူ ၏။ Judson Bible ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။ |
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
သင်တို့၏သေခြင်းနှင့်ဖွဲ့သောပဋိညာဉ်သည် ပျက်လိမ့်မည်။ သင်တို့၏မရဏာနိုင်ငံနှင့်ပြုသောသဘောတူညီမှုသည် တည်လိမ့်မည်မဟုတ်။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ သင်တို့ကို နင်းချေသွားလိမ့်မည်။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
ငါတို့သည် ယုဒပြည်သို့စစ်ချီပြီး ထိုပြည်ကို တစ်စစီဖြိုခွဲ၍ ခွဲဝေယူကြစို့။ တဗာလ၏သားကို ထိုပြည်၏ရှင်ဘုရင်အဖြစ်တင်မြောက်ကြစို့ဟု ဆိုကြ၏။
အကြံထုတ်ကြ။ သို့သော် ပျက်သွားလိမ့်မည်။ တိုင်ပင်ဆွေးနွေးကြ။ သို့သော် တည်လိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။