ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ဟေရှာယ 7:14 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။ Common Language Bible ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။- Garrad Bible သို့ ဖြစ်၍ သင် တို့ အား အ ရှင် ဘု ရား ကိုယ် တော် တိုင် ပြ တော် မူ မည့် သက် သေ လ က္ခ ဏာ မှာ ပျို ရွယ် သော မိန်း မ သည် သ န္ဓေ ယူ၍ သား ယောက်ျား ကို ဘွား မြင် သော အ ခါ ဧ မာ နွေ လ ဟု မှည့် ရ လ တ္တံ့။ Judson Bible ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။ |
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရာခေလက “ဘုရားသခင်သည် ငါ့ကိုတရားသဖြင့်စီရင်ပေးတော်မူပြီ။ ငါ၏တောင်းလျှောက်သံကိုနားညောင်း၍ ငါ့အား သားကိုပေးသနားတော်မူပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဒန် ဟုမှည့်ခေါ်လေ၏။
ထိုအခါ ရာခေလက “ငါသည် ငါ့အစ်မနှင့် အကြိတ်အနယ်နပန်းလုံး၍ နိုင်ခဲ့ပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို နဿလိ ဟုမှည့်ခေါ်လေ၏။
တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့် ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
ထာဝရဘုရားသည် မိန့်တော်မူသည့်အတိုင်း ပြုမည်ဖြစ်ကြောင်း သင့်အား ထာဝရဘုရားပေးတော်မူသောနိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။
အကြံထုတ်ကြ။ သို့သော် ပျက်သွားလိမ့်မည်။ တိုင်ပင်ဆွေးနွေးကြ။ သို့သော် တည်လိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။
ယုဒပြည်ထဲသို့ဖြတ်သန်းစီးဝင်၍ လည်ပင်းတိုင်အောင် လွှမ်းမိုးသွားမည်။ မိမိ၏တောင်ပံများကိုဖြန့်၍ သင့်ပြည်တစ်ပြည်လုံးသို့ ရောက်လိမ့်မည်၊ အို ဧမာနွေလ”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။
ထာဝရဘုရားက ‘ဤသည်ကား သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ သင်တို့ကို ဤပြည်တွင် ငါဒဏ်ခတ်မည်။ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့စကားအမှန်တည်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။
ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင်
အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွား၍ ယောက္ခမနှင့်ခင်ပွန်းသည်တို့လည်း ဆုံးပါးသွားသောကြောင့် “အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားပြီ”ဟု ဆိုလျက် ထိုသူငယ်၏အမည်ကို ဣခဗုဒ် ဟုမှည့်ခေါ်လေ၏။