Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 7:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သူ​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​ရွေးချယ်​တတ်​သည်​အထိ ထောပတ်​နှင့်​ပျားရည်​ကို​သာ စားသုံး​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို သား သည် မ ကောင်း ကို ပယ်၍၊ အ ကောင်း ကို ရွေး ချယ် တတ် သည့် အ ရွယ် သို့ ရောက် သော အ ခါ နို့ ဓမ်း နှင့် ပျား ရည် ကို သာ စား ရှာ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 7:15
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် အာဗြဟံ​သည် ထောပတ်​နှင့်​နို့​ကို​လည်းကောင်း​၊ ချက်ပြုတ်​ထား​သော​အမဲဟင်း​ကို​လည်းကောင်း ယူ​၍ သူ​တို့​ရှေ့​၌​ချပေး​လေ​၏​။ သူ​တို့​စား​နေ​ကြ​စဉ် အာဗြဟံ​သည် သူ​တို့​အနား သစ်ပင်​အောက်​တွင် ရပ်​နေ​၏​။


အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။


နို့​များစွာ​ထွက်​သဖြင့် သူ​သည် ထောပတ်​ကို​စား​ရ​လိမ့်မည်​။ အကယ်စင်စစ် ထို​ပြည်​၌ ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် ထောပတ်​နှင့်​ပျားရည်​ကို စား​ရ​ကြ​လိမ့်မည်​။


မကောင်းမှု​ကို မုန်း​၍ ကောင်းမှု​ကို မြတ်နိုး​လော့​။ မြို့​တံခါး​တွင် တရားမျှတမှု ရှိ​စေ​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​ယောသပ်​အမျိုး​ကို သနား​ကောင်း သနား​တော်မူ​လိမ့်မည်​။


ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။


ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။


သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။


ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။


ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။


လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု သင်​တို့​ဆို​ခဲ့​သော သင်​တို့​၏​ကလေး​များ​၊ ယခု​အချိန်​တွင် အကောင်း​အဆိုး​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​များ​သည် ထို​ပြည်​သို့ ဝင်​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​ကို သူ​တို့​အား​ပေး​၍ သူ​တို့​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ