ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။
ဟေရှာယ 60:2 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ အမှောင်ထုသည် လူတို့ကိုလည်းကောင်း ဖုံးလွှမ်းမည်။ သို့သော်လည်း ထာဝရဘုရားသည် သင့်ထံ၌ ပေါ်ထွန်းတော်မူမည်။ ဘုန်းအသရေတော်သည် သင်၌ထင်ရှားမည်။ Common Language Bible အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။ Garrad Bible မှောင် မိုက် သည် မြေ ပ ထ ဝီ ကို လည်း ကောင်း၊ အ မိုက် တိုက် လည်း လူ အ မျိုး မျိုး တို့ ကို လည်း ကောင်း၊ ဖုံး အုပ် သော် လည်း၊ သင့် အ ပေါ် သို့ ထာ ဝ ရ ဘု ရား ထွန်း လင်း ၍ ဘုန်း တော် ထင် ရှား သ ဖြင့်၊ Judson Bible ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ |
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကို ပြန်လည်တည်ဆောက်၍ မိမိ၏ဘုန်းအသရေတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
အို ယာကုပ်အမျိုးအနွယ်တို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ လျှောက်လှမ်းကြကုန်စို့။
ထာဝရဘုရားသည် ဇိအုန်တောင်၏ဓမ္မစည်းဝေးရာနေရာမှစ၍ ထိုတောင်၏နေရာအနှံ့တွင် နေ့အချိန်၌ မိုးတိမ်နှင့်မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ တောက်ပသောမီးလျှံကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူမည်။ အကယ်စင်စစ် ဘုန်းအသရေရှိသမျှတို့အပေါ်၌ မျက်နှာကြက်ရှိမည်။
ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။
ထိုသို့ပြုလျှင် သင်၏အလင်းသည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ သင်၏အနာရောဂါသည် အလျင်အမြန်ပျောက်ကင်းမည်။ သင်၏ဖြောင့်မတ်ခြင်းသည် သင့်ရှေ့၌သွားမည်။ ထာဝရဘုရား၏ဘုန်းအသရေသည် သင့်ကို အနောက်မှကာကွယ်တော်မူမည်။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
သင်တို့သည် သူ၏နို့ရည်ကြွယ်ဝသောသားမြတ်ကိုစို့၍ ဝလင်ကြလိမ့်မည်။ နို့ရည်ကြွယ်ဝသောသားမြတ်ကို အလိုရှိသမျှသောက်၍ နှစ်သက်အားရကြလိမ့်မည်။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
မောရှေနှင့်အာရုန်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်ကြ၏။ သူတို့ ပြန်ထွက်လာ၍ လူတို့ကိုကောင်းချီးပေးသောအခါ ထာဝရဘုရား၏ဘုန်းအသရေသည် လူအပေါင်းတို့အား ထင်ရှားပြတော်မူ၏။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုတ်ကိုမူကား မျိုချကြ၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
လွန်လေပြီးသောခေတ်ကာလများတွင် ဘုရားသခင်သည် လူမျိုးတကာတို့ကို မိမိတို့လမ်းစဉ်အတိုင်းလျှောက်လှမ်းကြရန် အခွင့်ပေးထားတော်မူ၏။
သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။