ဆိုးညစ်သောအမှု၌ကျင်လည်သောသူတို့သည် ချဉ်းကပ်လာကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားတော်နှင့် ဝေးကွာကြပါ၏။
ဟေရှာယ 59:11 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။ Common Language Bible ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။ Garrad Bible ငါ တို့ ရှိ သ မျှ သည် ဝက် ဝံ ကဲ့ သို့ မြည် လျက်၊ ချိုး ကဲ့ သို့ ညည်း တွား စွာ ကူ ရ ကြ၏။ စောင့် မြော် ကြ သော တ ရား အောင် မြင် ခြင်း နှင့် ကယ် တင် ခြင်း များ သည်၊ ကင်း ဝေး ပ ပျောက် လေ စွ တ ကား။ Judson Bible ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မျှော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မျှော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။ |
ဆိုးညစ်သောအမှု၌ကျင်လည်သောသူတို့သည် ချဉ်းကပ်လာကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားတော်နှင့် ဝေးကွာကြပါ၏။
ဆိုးယုတ်သောသူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို မရှာမှီးကြသောကြောင့် ကယ်တင်ခြင်းသည် သူတို့နှင့်ဝေးပါ၏။
အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။ အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။
အကျွန်ုပ်ကိုအာရုံစိုက်နားထောင်၍ အကျွန်ုပ်ကို ထူးတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဒုက္ခကြောင့် နေမထိထိုင်မသာဖြစ်ပြီး စိတ်ရှုပ်ထွေးနေပါ၏။
ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။
ထို့ကြောင့် တရားမျှတမှုသည် နောက်သို့ပြန်ဆုတ်သွား၍ ဖြောင့်မတ်ခြင်းသည် အဝေး၌ရပ်နေ၏။ သစ္စာတရားသည်လည်း လမ်း၌ခလုတ်တိုက်လဲကျ၍ မှန်ကန်ခြင်းသဘောသည်လည်း ဝင်ရောက်မလာနိုင်။
ငြိမ်းချမ်းရာလမ်းကို သူတို့မသိကြ။ သူတို့လျှောက်ရာလမ်း၌ တရားမျှတမှုမရှိ။ မိမိတို့သွားရာလမ်းကို ကွေ့ကောက်စေကြ၏။ ကွေ့ကောက်သောလမ်းကိုလျှောက်သောသူအပေါင်းတို့သည် ငြိမ်းချမ်းခြင်းဆိုသည်ကို မသိကြ။
ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။
ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးကိုမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ငါ့စိတ်ဝိညာဉ်သည် ငြိမ်သက်ခြင်းကင်းလျက် ကောင်းစားခြင်းကိုလည်း မေ့လျော့လေပြီ။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
ဘုရင်မကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားရန် အမိန့်ထုတ်ဆင့်သဖြင့် သူ၏ကျွန်မတို့သည် ရင်ဘတ်စည်တီးလျက် ချိုးငှက်အသံကဲ့သို့ ညည်းတွားလျက်နေကြ၏။
ရှေးယခင်ကတည်းက နိနေဝေမြို့သည် ရေစီးထွက်နေသောရေကန်နှင့်တူ၏။ “ရပ်ပါ ရပ်ပါ”ဟု ဆိုသော်လည်း မည်သူမျှ ပြန်လှည့်မလာကြ။