ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။ သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။ သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။ သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
ဖျက် ဆီး၍ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း ဘေး၊ ဓား သင့်၍ အ စာ ခေါင်း ပါး ခြင်း ဘေး နှစ် မျိုး သည်၊ သင့် အ ပေါ် တွင် သင့် ရောက် ခဲ့ ရာ၊ မြည် တမ်း မှု ပြု သူ၊ မည် သူ နည်း။ ငါ ကား မည် သို့ နှစ် သိမ့် စေ နိုင် သ နည်း။
အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
ဆင်းရဲသောသူတို့၏သားဦးတို့သည် ကျွေးမွေးခြင်းခံရကြလိမ့်မည်။ နွမ်းပါးသောသူတို့သည် ဘေးကင်းလုံခြုံစွာအိပ်ရကြလိမ့်မည်။ သို့သော် သင်၏အမြစ်ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ငါသေစေမည်။ သင်၏အကြွင်းအကျန်သည်လည်း သတ်ဖြတ်ခြင်းခံရမည်။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။
ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
အို ဂျေရုဆလင်မြို့၊ သင့်ကိုမည်သူသနားမည်နည်း။ မည်သူစာနာထောက်ထားမည်နည်း။ မည်သူသည် သင့်အား သာကြောင်းမာကြောင်း လှည့်၍နှုတ်ခွန်းဆက်မည်နည်း”ဟု မိန့်တော်မူ၏။
သူတို့နှင့် သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်တွင် သူတို့တစ်ယောက်မျှမကြွင်းကျန်တော့သည့်တိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကို သူတို့ထံ စေလွှတ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
ငါတို့သည် ကြောက်မက်ဖွယ်ဘေးနှင့် ကြုံရပြီ။ မြေတွင်းထဲသို့ ကျလေပြီ။ အထီးကျန်ခြင်း၊ ပျက်စီးခြင်းသို့ရောက်ပါပြီ။
“ထိုပြည်ထဲသို့ သားရဲတိရစ္ဆာန်ကို စေလွှတ်၍ဖျက်ဆီးစေမည်၊ ထိုသားရဲတိရစ္ဆာန်များကြောင့် ထိုပြည်သည် ဖြတ်သန်းသွားလာမည့်သူမရှိ၊ လူသူကင်းမဲ့ရာဖြစ်သွားမည်ဆိုပါစို့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
သင့်ကိုမြင်သောသူအားလုံးတို့သည် ထွက်ပြေးကြ၍ ‘နိနေဝေမြို့ကြီး ပျက်စီးလေပြီ။ သူ့အဖို့ မည်သူမြည်တမ်းမည်နည်း’ဟု ဆိုကြလိမ့်မည်။ သင့်ကို နှစ်သိမ့်ပေးမည့်သူများကို အဘယ်မှာ ငါရှာတွေ့နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။