သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟေရှာယ 49:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အကယ်စင်စစ် ငါသည် စစ်သူရဲဖမ်းခေါ်သွားသောသူကို ဆောင်ယူခဲ့မည်။ ကြမ်းကြုတ်သောသူထံမှ လုယူပစ္စည်းကို ပြန်သိမ်းယူမည်။ သင့်ကိုရန်ပြုသောသူအား ငါကိုယ်တော်တိုင် ရန်ပြုမည်။ သင်၏သားသမီးတို့ကို ငါကိုယ်တော်တိုင် ကယ်တင်မည်။ Common Language Bible ထာဝရဘုရားက၊ ``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။ Garrad Bible ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သုံ့ ပန်း သူ တို့ သည် တန် ခိုး ကြီး သူ တို့၏ လက် တွင်း မှ လွတ် ခွင့်၊ လု ရ ဥ စ္စာ လည်း ကြမ်း ကြုတ် သူ၏ လက် တွင်း မှ ထွက် ခွင့် ရ လိမ့် မည်။ သင့် ရန် ဘက် နှင့် ဘက် ပြိုင် သော အ ရှင်၊ သင့် သား သ မီး တို့ ကို ကယ် ဆယ် မည့် အ ရှင် ကား၊ ငါ ပင် တည်း။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဖွယ်သောသူ လုယူရာဥစ္စာကို နုတ်ရလိမ့်မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။ |
သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။
ထိုနေ့ရက်၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်မှလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်မှလည်းကောင်း ဖယ်ရှားတော်မူမည်။ ထမ်းပိုးသည်လည်း အဆီကြောင့် ကျိုးသွားလိမ့်မည်။
သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
သူတို့၏အော်ဟစ်သံသည် ခြင်္သေ့ဟိန်းဟောက်သံနှင့်တူ၏။ သူတို့သည် ခြင်္သေ့ပျိုကဲ့သို့ဟိန်းဟောက်မာန်ဖီလျက် သားကောင်ကိုဖမ်းပြီး ဆောင်ယူသွားလိမ့်မည်။ ကယ်မည့်သူမရှိ။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူသည် အလျင်အမြန်လွတ်မြောက်လာမည်။ သူသည် ထောင်တွင်းထဲ၌သေရမည်မဟုတ်။ သူ၌ အစားအစာ ချို့တဲ့မည်မဟုတ်။
သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ထာဝရဘုရားက “ဆိုးညစ်သောသူတို့လက်ထဲမှ သင့်ကိုကယ်နုတ်မည်။ ကြမ်းကြုတ်သောသူ၏လက်ထဲမှ သင့်ကိုရွေးနုတ်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ သူ့ထက်အားကြီးသောသူ၏လက်မှ သူ့ကို ရွေးနုတ်တော်မူပြီ။
ထိုသို့သောနည်းတို့ဖြင့် သူ့ကိုယ်သူ မရွေးနုတ်နိုင်လျှင်လည်း မင်္ဂလာရတုနှစ်ရောက်သောအခါ သူနှင့် သူ၏သားသမီးတို့သည် လွတ်မြောက်ခွင့်ရရှိမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကို တိုက်ခိုက်မည်။ သင့်စစ်ရထားကို မီးရှို့ပစ်မည်။ သင့်ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။ သင့်သားကောင်ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်မည်။ စေတမန်တို့၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
သင်နှင့်ဖွဲ့သောအသွေးတော်ပဋိညာဉ်ကြောင့် ရေမရှိသောတွင်းထဲတွင်နေရသောအကျဉ်းသားတို့ကို ငါလွှတ်ပေးမည်။
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် မည်သူမျှ သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မလုယူနိုင်။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။