ယေရမိ 15:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားက “ဆိုးညစ်သောသူတို့လက်ထဲမှ သင့်ကိုကယ်နုတ်မည်။ ကြမ်းကြုတ်သောသူ၏လက်ထဲမှ သင့်ကိုရွေးနုတ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ``သင့်ကိုသူယုတ်မာတို့၏လက်မှကယ်ဆယ် ၍ အကြမ်းဖက်သမားတို့၏ဘေးမှကယ် တင်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible21 ငါ သည် လူ ဆိုး တို့ လက် မှ၊ သင့် ကို ကယ် ဆယ်၍၊ ကြမ်း ကြုတ် သူ တို့ လက် တွင်း မှ လည်း၊ ရွေး နုတ် လိမ့် မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 လူဆိုးလက်မှ သင့်ကိုငါနုတ်၍၊ ကြောက်မက်ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။