ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
ဟေရှာယ 44:11 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အပေါင်းအဖော်အားလုံး အရှက်ကွဲရလိမ့်မည်။ လက်မှုပညာသည်တို့သည် လူမျှသာဖြစ်၏။ သူတို့အားလုံး စုရုံး၍ ရပ်နေကြပါစေ။ သူတို့သည် ကြောက်ရွံ့လျက် အတူတကွအရှက်ကွဲရလိမ့်မည်။ Common Language Bible ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။ Garrad Bible ရုပ် တု သင်း ဝင် သူ အ ပေါင်း တို့ သည် အ ရှက် ကွဲ ကြ ရ မည်။ လူ မျှ သာ ဖြစ် သော လက် မှု ပ ညာ သည် ရှိ သ မျှ စု ရုံး ရပ် တန့် ကြ စေ။ တစ် ပြိုင် နက် ထိတ် လန့် ရှက် ကြောက် ကြ လိမ့် မည်။ Judson Bible ထိုသူ၏ အပေါင်းအဖော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက်ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တစ်ပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။ |
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
ထုလုပ်ထားသောအရုပ်ကိုဝတ်ပြုသောသူ၊ ရုပ်တုများ၌ ဂုဏ်ယူဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲကြရပါစေ။ ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
အကယ်စင်စစ် သူတို့သည် သင်တို့တပ်မက်ခဲ့သောဝက်သစ်ချပင်တို့ကြောင့် အရှက်ကွဲရလိမ့်မည်။ သင်တို့ ရွေးချယ်ခဲ့သောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ရလိမ့်မည်။
ရုပ်တုဆင်းတုကို ကိုးစားလျက် ရုပ်တုအား “အရှင်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်၏”ဟု ဆိုသောသူတို့သည် နောက်ပြန်ဆုတ်၍ အရှက်တကွဲအကျိုးနည်းဖြစ်ရကြလိမ့်မည်။
ရုပ်တုဆင်းတုကိုထုလုပ်သောသူအားလုံးတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ သူတို့တပ်မက်သောအရာတို့သည် အကျိုးမရှိ။ သူတို့၏သက်သေတို့သည်လည်း မမြင်တတ်၊ မသိတတ်သောကြောင့် အရှက်ကွဲကြရလိမ့်မည်။
ရုပ်တုထုလုပ်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ အသရေပျက်ရလိမ့်မည်။ အသရေပျက်လျက် အတူတကွထွက်သွားရလိမ့်မည်။
ထို့ကြောင့် အရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အစေအပါးတို့စားရသော်လည်း သင်တို့ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ ငါ့အစေအပါးတို့သောက်ရသော်လည်း သင်တို့ရေငတ်ကြလိမ့်မည်။ ငါ့အစေအပါးတို့ဝမ်းမြောက်ရသော်လည်း သင်တို့အရှက်ကွဲကြလိမ့်မည်။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုသည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
သူတို့သည် အပြစ်ကို အထပ်ထပ်ကျူးလွန်ကြ၏။ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သူတို့အဖို့ ငွေရုပ်တုကို လုပ်ကြ၏။ ထိုရုပ်တုအားလုံးသည် လက်မှုပညာသည်တို့၏လက်ရာသက်သက်သာ ဖြစ်၏။ ထိုသူတို့က “ယဇ်ပူဇော်သောလူတို့သည် နွားသငယ်ရုပ်တုကိုနမ်းကြစေ”ဟု ဆိုကြ၏။
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။