အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
ဟေရှာယ 43:20 - မြန်မာ့စံမီသမ္မာကျမ်း ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။ Common Language Bible တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ ငါသည်မိမိရွေးချယ်ထားသူလူတို့ ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။ Garrad Bible ဘုန်း တော် ကို ဖော် ပြ ကြ စေ ခြင်း ငှာ ပိုင် ဆိုင် တော် မူ ရာ အ ဖြစ် ငါ ပြု ပြင် ရွေး ချယ် သော လူ မျိုး တော် ကို ရေ တိုက် လို၍ သဲ တော၌ ရေ ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ ပေါက် ရောက် စေ သ ဖြင့်၊ ခွေး အ နှင့် ငှက် ကု လား အုပ် မှ စ၍ တော သား ရဲ တို့ ပင်၊ ဂုဏ် တော် ကို ဝန် ခံ ကြ လိမ့် မည်။ Judson Bible မြေခွေးနှင့် ကုလားအုတ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့သောက်စရာဖို့ တော၌ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်တို့ကိုလည်းကောင်း ငါပေးမည်။ |
အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
ခြင်္သေ့ပျိုတို့သည် သားကောင်ရရန် ဟိန်းဟောက်လျက် ဘုရားသခင်ထံမှ မိမိတို့၏အစားအစာကို တောင်းကြပါ၏။
တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊
ထာဝရဘုရားကို မိမိဘုရားအဖြစ်ကိုးကွယ်သောတိုင်းနိုင်ငံနှင့် ကိုယ်တော်၏အမွေခံအဖြစ် ကိုယ်တော်ရွေးချယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။
သတ်ဖြတ်မှုနေ့ကြီး၌ ရဲတိုက်များပြိုလဲသောအခါ မြင့်မားသောတောင်၊ အထွတ်အမြတ်ထားသောတောင်ကုန်း ရှိသမျှတို့ပေါ်၌ ချောင်းရေများစီးမည်။
သူတို့သည် လေဘေးမှခိုလှုံရာ၊ မုန်တိုင်းဘေးမှကွယ်ကာရာကဲ့သို့၊ ခြောက်သွေ့သောအရပ်မှ စမ်းချောင်းကဲ့သို့၊ ပူပြင်းသောအရပ်မှ ကျောက်ဆောင်ကြီး၏အရိပ်ကဲ့သို့ ဖြစ်ကြမည်။
ထိုအရပ်၌ တန်ခိုးကြီးသောထာဝရဘုရားသည် ငါတို့အတွက် မြစ်ကြီး၊ ချောင်းကြီးများ ဖြစ်တော်မူမည်။ ထိုနေရာတွင် တက်ခတ်လှေလည်း မသွားနိုင်၊ သင်္ဘောကြီးလည်း ဖြတ်မကူးနိုင်။
ခြစ်ခြစ်တောက်ပူသောသဲမြေသည် ရေအိုင်ဖြစ်လိမ့်မည်။ ခြောက်ကပ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ ခွေးအတို့ကျက်စားရာနေရာ၊ လဲလျောင်းရာနေရာ၌ မြက်ပင်နှင့်အတူ ကျူပင်နှင့်ကျူပင်ကြီးတို့ ပေါက်လိမ့်မည်။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
ငါသည် တောင်ကတုံးပေါ်တွင် မြစ်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းအလယ်တွင် စမ်းရေကိုလည်းကောင်း စီးဆင်းစေမည်။ တောကန္တာရကို ရေအိုင်ဖြစ်စေ၍ ခြောက်သွေ့သောအရပ်ကို စမ်းရေတွင်းဖြစ်စေမည်။
ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။
သူတို့ကို တောကန္တာရထဲတွင် ပို့ဆောင်တော်မူစဉ် သူတို့သည် ရေမငတ်ရကြ။ ကိုယ်တော်သည် သူတို့အဖို့ ကျောက်ဆောင်ထဲမှ ရေစီးဆင်းစေတော်မူ၏။ ကျောက်ဆောင်ကိုခွဲတော်မူသဖြင့် ရေစီးထွက်လေ၏။
သူတို့သည် ဆာလောင်မည်မဟုတ်၊ ရေငတ်မည်မဟုတ်။ အပူဒဏ်၊ နေဒဏ်ကိုလည်း မခံရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုဦးဆောင်ပေးလိမ့်မည်။ စမ်းရေတွင်းသို့ လမ်းပြပေးလိမ့်မည်။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်ကာလတွင် တောင်များပေါ်မှ စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းများမှ နို့ရည်စီးကျလိမ့်မည်။ ယုဒမြစ်ချောင်းရှိသမျှတို့သည် ရေများစီးဆင်းနေလိမ့်မည်။ စမ်းရေသည်လည်း ထာဝရဘုရားအိမ်တော်မှ စီးထွက်၍ ရှိတ္တိမ်လွင်ပြင်ကို ရေဝစေလိမ့်မည်။
ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။