အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 43:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း‌ ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း‌ ကောင်း၊ ငါ စီ မံ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 43:19
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကျောက်ဆောင်​ကို ဖွင့်​တော်မူ​သောအခါ ရေ​များ​စီးထွက်​၍ ခြောက်သွေ့​သော​နေရာ​တွင် မြစ်​ကဲ့သို့​စီးဆင်း​လေ​၏​။


အို ထာဝရဘုရား​၊ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​အကျွန်ုပ်​တို့​ကို နေဂေ့​အရပ်​မှ​ချောင်းရေ​များ​ကဲ့သို့ ပြန်လာ​စေ​တော်မူ​ပါ​။


ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။


သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။


သူ​တို့​သည် လေဘေး​မှ​ခိုလှုံ​ရာ​၊ မုန်တိုင်းဘေး​မှ​ကွယ်ကာ​ရာ​ကဲ့သို့​၊ ခြောက်သွေ့​သော​အရပ်​မှ စမ်းချောင်း​ကဲ့သို့​၊ ပူပြင်း​သော​အရပ်​မှ ကျောက်ဆောင်​ကြီး​၏​အရိပ်​ကဲ့သို့ ဖြစ်​ကြ​မည်​။


ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။


တောကန္တာရ​နှင့်​ခြောက်သွေ့​သော​အရပ်​သည် ရွှင်မြူး​ကြ​လိမ့်မည်​။ သဲကန္တာရ​သည် ရွှင်လန်း​၍ နှင်းဆီပန်း​ကဲ့သို့ ဖူးပွင့်​လိမ့်မည်​။


ငါ​သည် တောင်ကတုံး​ပေါ်တွင် မြစ်​ကို​လည်းကောင်း​၊ ချိုင့်ဝှမ်း​အလယ်​တွင် စမ်းရေ​ကို​လည်းကောင်း စီးဆင်း​စေ​မည်​။ တောကန္တာရ​ကို ရေအိုင်​ဖြစ်စေ​၍ ခြောက်သွေ့​သော​အရပ်​ကို စမ်းရေတွင်း​ဖြစ်စေ​မည်​။


တောကန္တာရ​၌ သစ်ကတိုးပင်​၊ အကေရှားပင်​၊ မုရတုပင်​၊ သံလွင်ပင်​တို့​ကို ပေါက်​စေ​မည်​။ သဲကန္တာရ​၌ ထင်းရှူးပင်​၊ တဒေရပင်​၊ ကျောက်ပန်းပင်​တို့​ကို အတူတကွ ပေါက်ရောက်​စေ​မည်​။


ကြည့်ရှု​လော့​။ ယခင်​ဟော​ခဲ့​သော​အရာ​တို့​သည် ဖြစ်လာ​ပြီ​။ အသစ်​သော​အရာ​တို့​ကို ငါ​ဟောပြော​၏​။ ထို​အရာ​တို့ ဖြစ်​မ​လာ​မီ သင်​တို့​ကို ငါ​သိ​စေ​၏​။


‘​ငါ​၏​ရုပ်တု​သည် ထို​အရာ​တို့​ကို​ပြု​ခဲ့​၏​။ ငါ​၏​သစ်သား​ရုပ်တု​၊ ကြေးရုပ်တု​တို့​သည် ထို​အရာ​တို့​ကို အမိန့်ပေး​ခဲ့​ကြ​၏​’​ဟု သင်​မ​ပြော​နိုင်​အောင် ရှေးမဆွ​ကပင် သင့်​ကို ငါ​ပြော​ခဲ့​၏​။ မ​ဖြစ်လာ​မီ​ကပင် သင့်​ကို ကြားသိ​စေ​ခဲ့​၏​။


သင်​ကြား​ခဲ့​ရ မြင်​ခဲ့​ရ​သော​ဤ​အမှုအရာ​အားလုံး​ကို သင်​ပြန်​မ​ပြော​ဘဲ​နေ​မည်လော​။ အသစ်​သော​အရာ​များ​၊ သင်​မ​သိ​သေး​သော ဝှက်ထား​သော​အရာ​များ​ကို ယခု​မှစ၍ သင့်​အား​ငါ​ပြောကြား​မည်​။


သူ​တို့​သည် ဆာလောင်​မည်​မ​ဟုတ်​၊ ရေငတ်​မည်​မ​ဟုတ်​။ အပူဒဏ်​၊ နေ​ဒဏ်​ကို​လည်း မ​ခံရ​။ အကြောင်းမူကား သူ​တို့​ကို​သနား​သော​သူ​သည် သူ​တို့​ကို​ဦးဆောင်​ပေး​လိမ့်မည်​။ စမ်းရေတွင်း​သို့ လမ်းပြ​ပေး​လိမ့်မည်​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ‘​အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု နောက်တစ်ဖန် မ​ပြောဆို​ကြ​တော့​ဘဲ


အို ဖောက်ပြန်​သော​သမီးပျို​၊ မည်သည့်​အချိန်​အထိ လှည့်လည်​နေ​မည်နည်း​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် အသစ်သောအရာ​ကို ဖန်ဆင်း​တော်မူ​ပြီ​။ မိန်းမ​သည် ယောက်ျား​ကို ဝိုင်းရံ​လိမ့်မည်​။


သူ​တို့​သည် ငိုကြွေး​လျက် ပြန်လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို နှစ်သိမ့်​လျက် ငါ​ပြန်ခေါ်​လာ​မည်​။ သူ​တို့​ကို စမ်းချောင်း​နား​၊ သူ​တို့​ခလုတ်​မ​တိုက်​နိုင်​သည့် ဖြောင့်ဖြူး​သော​လမ်း​ဖြင့် ငါ​ပို့ဆောင်​မည်​။ ငါ​သည် အစ္စရေး​လူမျိုး​၏​အဖ​ဖြစ်​၏​။ ဧဖရိမ်​အမျိုး​သည် ငါ​၏​သားဦး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


မောရှေ​သည် မိမိ​၏​လက်​ကို​မြှောက်​၍ တောင်ဝှေး​ဖြင့် ထို​ကျောက်​ကို နှစ်ကြိမ်​ရိုက်​လေ​၏​။ ထိုအခါ ရေ​များစွာ​ထွက်လာ​သဖြင့် လူထု​ကြီး​နှင့်​သူ​တို့​၏​တိရစ္ဆာန်​များ ရေသောက်​ရ​ကြ​၏​။


သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။


မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊


ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​က​လည်း “ကြည့်ရှု​လော့။ ငါ​သည် အရာ​ခပ်သိမ်း​တို့​ကို အသစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် “ရေး​ထား​လော့။ ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။