ဟေရှာယ 41:19 - မြန်မာ့စံမီသမ္မာကျမ်း19 တောကန္တာရ၌ သစ်ကတိုးပင်၊ အကေရှားပင်၊ မုရတုပင်၊ သံလွင်ပင်တို့ကို ပေါက်စေမည်။ သဲကန္တာရ၌ ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင်တို့ကို အတူတကွ ပေါက်ရောက်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့် သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။ သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များ ရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible19 သဲ က န္တာ ရ၌ သစ် က တိုး ပင်၊ ရှား ပင်၊ ကျောက် ပန်း ပင်၊ သံ လွင် ပင် များ ကိုလည်း ကောင်း၊ သဲ တော၌ ထင်း ရူး ပင်၊ ကျောက် ပန်း ငယ် ကျောက် ပန်း ကြီး ပင် များ ကိုလည်း ကောင်း စိုက် ပျိုး သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible19 တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကိုလည်းကောင်း၊ လွင်ပြင်၌ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်များကိုလည်းကောင်း ရောနှောလျက် စိုက်မည်။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။