ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏နှစ်ကာလတို့သည်လည်း ကုန်ဆုံးမည်မဟုတ်ပါ။
ဟေရှာယ 41:4 - မြန်မာ့စံမီသမ္မာကျမ်း အစအဦးကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းစေသောအမှုကို ပြုသောသူကား မည်သူနည်း။ ထိုသူကား အဦးဆုံးသောသူဖြစ်၍ နောက်ဆုံးသောသူတို့နှင့်အတူရှိသော ငါထာဝရဘုရားပင်တည်း။ Common Language Bible ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။ Garrad Bible ထို သို့ စီ ရင် ပြု ပြင် သော အ ရှင် ကား မည် သူ နည်း။ ရှေး ဦး မှ စ သော လူ မျိုး အ ဆက် ဆက် ကို ခေါ် ထုတ်၍၊ အာ ဒိ က မှ အ န္တိ မ တိုင် တည် သော ငါ ထာ ဝ ရ ဘု ရား ပေ တည်း။ Judson Bible ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။ |
ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏နှစ်ကာလတို့သည်လည်း ကုန်ဆုံးမည်မဟုတ်ပါ။
ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍ သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
အထက်သို့ မျှော်ကြည့်ကြလော့။ ကောင်းကင်တန်ဆာများကို မည်သူဖန်ဆင်းသနည်း။ ထိုတန်ဆာအလုံးအရင်းကို အရေအတွက်အလိုက် ပေါ်ထွက်စေသောသူ၊ အလုံးစုံကို အမည်ဖြင့်မှည့်ခေါ်သောသူပင်တည်း။ တန်ခိုး၊ ခွန်အားကြီးမားတော်မူသောကြောင့် ကြွင်းကျန်ခဲ့သောအရာတစ်စုံတစ်ခုမျှမရှိ။
ထိုသို့သောအားဖြင့် ထာဝရဘုရား၏လက်တော်သည် ဤအမှုကိုပြုတော်မူကြောင်း၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ဤအမှုကိုဖြစ်စေတော်မူကြောင်း လူအားလုံး တွေ့မြင်သိရှိကြလိမ့်မည်။ ဆင်ခြင်နားလည်ကြလိမ့်မည်။
ငါတို့ သိရှိနိုင်ရန် အစအဦးကတည်းက မည်သူပြောပြဖူးသနည်း။ “မှန်ပေ၏”ဟု ငါတို့ပြောနိုင်ရန် မည်သူကြိုတင်ပြောပြဖူးသနည်း။ ပြောပြသောသူ တစ်ယောက်မျှမရှိ။ ပြောကြားသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားဖူးသောသူ တစ်ယောက်မျှမရှိ။
မိမိခြေမချဖူးသောလမ်းဖြင့် ထိုသူတို့ကို လိုက်လံတိုက်ခိုက်ရာ၌ ဘေးကင်းလုံခြုံခွင့်ကိုပေးသောသူကား မည်သူနည်း။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
ထာဝရဘုရားက “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ သင်တို့သည် ငါ့ကိုသိ၍ယုံကြည်မည့်အကြောင်း၊ ငါသည် ထိုအရှင်ဖြစ်သည်ကိုနားလည်မည့်အကြောင်း ငါရွေးချယ်သော ငါ၏အစေအပါးလည်းဖြစ်ကြ၏။ ငါ့အလျင် မည်သည့်ဘုရားမျှမရှိ။ ငါ့နောက်၌လည်း မည်သည့်ဘုရားမျှ ရှိမည်မဟုတ်။
ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။
အို ယာကုပ်အမျိုး၊ ငါခေါ်ယူတော်မူသော အစ္စရေးလူမျိုး၊ ငါ့စကားကို နားထောင်လော့။ ငါသည် ထိုအရှင်ဖြစ်၏။ ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
စမုရနမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်သူ၊ သေခဲ့သော်လည်း ပြန်၍အသက်ရှင်သောသူက ဤသို့မိန့်တော်မူ၏။
ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။