ဟေရှာယ 41:26 - မြန်မာ့စံမီသမ္မာကျမ်း26 ငါတို့ သိရှိနိုင်ရန် အစအဦးကတည်းက မည်သူပြောပြဖူးသနည်း။ “မှန်ပေ၏”ဟု ငါတို့ပြောနိုင်ရန် မည်သူကြိုတင်ပြောပြဖူးသနည်း။ ပြောပြသောသူ တစ်ယောက်မျှမရှိ။ ပြောကြားသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားဖူးသောသူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible26 သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟု သင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။ အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။ သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။ အခန်းကိုကြည့်ပါ။Garrad Bible26 ငါ တို့ သိ ကြ စေ ရန်လည်း ကောင်း၊ ဟုတ် မှန် သည် ဟု ဝန် ခံ ကြ စေ ရန်လည်း ကောင်း၊ အ ထက် ကာ လ က၊ မည် သူ ဖော် ပြ ခဲ့ ဘူး သ နည်း။ ထို သို့ ဖော် ပြ ကြား ပြော သူ တစ် ဦး တစ် ယောက် မျှ မ ရှိ။ သင် တို့ စ ကား ကို ကြား ဖူး သူ လည်း တစ် ယောက် မျှ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible26 ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖော်ပြသောသူ တစ်ယောက်မျှမရှိ။ ဟောပြောသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားသောသူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ထိုသက်သေတို့ကို ယူဆောင်လာကြပါစေ။ မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်ကို ငါတို့အား ပြောပြကြပါစေ။ ယခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာ ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အကျိုးဆက်ကိုသိနိုင်မည်။ သို့မဟုတ် ဖြစ်လာမည့်အရာများကို ငါတို့အားပြောကြားကြလော့။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။