ဟေရှာယ 40:26 - မြန်မာ့စံမီသမ္မာကျမ်း
26 အထက်သို့ မျှော်ကြည့်ကြလော့။ ကောင်းကင်တန်ဆာများကို မည်သူဖန်ဆင်းသနည်း။ ထိုတန်ဆာအလုံးအရင်းကို အရေအတွက်အလိုက် ပေါ်ထွက်စေသောသူ၊ အလုံးစုံကို အမည်ဖြင့်မှည့်ခေါ်သောသူပင်တည်း။ တန်ခိုး၊ ခွန်အားကြီးမားတော်မူသောကြောင့် ကြွင်းကျန်ခဲ့သောအရာတစ်စုံတစ်ခုမျှမရှိ။
အခန်းကိုကြည့်ပါ။ ကော်ပီ
26 မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
အခန်းကိုကြည့်ပါ။ ကော်ပီ
26 အ ထက် သို့ မော် ကြည့် ကြ လော့။ မြင် ရ သ မျှ ကို ဖန် ဆင်း တော် မူ သော အ ရှင် ကား၊ မည် သူ နည်း။ ခွန် အား ကြီး လျက် တန် ခိုး နှင့် ပြည့် စုံ တော် မူ သည့် အ လျောက်၊ အ လုံး အ ရင်း ကို အ ရေ အ တွက် အား ဖြင့် ထုတ် ဖော် တော် မူ၍၊ တစ် လုံး မျှ မ မှိန် ရ အောင် အ သီး အ သီး ကို အ မည် ဖြင့် ခေါ် တော် မူ သော အ ရှင် ပေ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
26 အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
အခန်းကိုကြည့်ပါ။ ကော်ပီ