ဟေရှာယ 41:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကမ်းရိုးတန်းဒေသတို့သည် မြင်၍ ကြောက်ရွံ့ကြပြီ။ မြေကြီးစွန်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီ။ သူတို့သည် ချဉ်းကပ်လာကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible5 ``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ကျွန်း ကြီး ကျွန်း ငယ် များ သိ မြင် ထိတ် လန့် ကြ ရာ၊ မြေ ကြီး အ စွန်း အ ဖျား များ ပင် တုန် လှုပ် လာ ရောက် ချဉ်း ကပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်ပြည်မှ သင်တို့ထွက်လာသောအခါ သင်တို့ရှေ့၌ခံနေသောပင်လယ်နီကို ထာဝရဘုရား မည်သို့ခန်းခြောက်စေတော်မူခဲ့ကြောင်း၊ ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ရှိဟုန်နှင့်ဩဃတို့ကို သင်တို့မည်သို့ချေမှုန်းခဲ့ကြောင်း ကျွန်မတို့ ကြားသိရပါပြီ။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။