တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
ဟေရှာယ 40:22 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မြေကြီးစက်ဝိုင်းအထက်တွင် စံပယ်တော်မူ၏။ မြေကြီးသားတို့သည် နှံကောင်သဖွယ်ဖြစ်၏။ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ဖြန့်ကြက်တော်မူ၏၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။ Common Language Bible ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။ Garrad Bible နှံ ကောင် သ ဖွယ် လူ တို့ ထိုင် ရာ မြေ ပ ထ ဝီ အ ထက်၊ မိုး ပိ တာန် ပေါ် စံ နေ တော် မူ ထ သော၊ ပိတ် ချော ကဲ့ သို့ မိုး ကောင်း ကင် ကို ကြက်၍၊ နေ ရာ တဲ ရှင် ကဲ့ သို့ ဖြန့် တော် မူ သော အ ရှင် ပေ တည်း။ Judson Bible မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ |
တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
တိမ်ထုကြီးသည် ကိုယ်တော့်ကို ကာထားသဖြင့် ကိုယ်တော်သည် ဘာမျှမမြင်နိုင်။ မိုးကောင်းကင်အဝန်းအဝိုင်းတွင်သာ သွားလာလျက်နေတော်မူသည်’ဟု ဆို၏။
မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။
ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။
သင်သည် ကိုယ်တော်နှင့်အတူ မိုးကောင်းကင်ကို ကြေးမုံပြင်ကဲ့သို့သွန်းလုပ်၍ ခိုင်ခံ့စွာဖြန့်ကြက်ထားသလော။
ကောင်းကင်မျက်နှာကြက်ကို တစ်ပါးတည်းဖြန့်ကြက်တော်မူ၍ ပင်လယ်လှိုင်းလုံးများကို နင်းတော်မူ၏။
အလင်းကို ခြုံထည်ကဲ့သို့လွှမ်းခြုံထား၍ ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။
ကိုယ်တော်သည် အမှောင်ကို မိမိ၏လျှို့ဝှက်သောနေရာဖြစ်စေတော်မူ၏။ မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိသော အခြံအရံဖြစ်၏။
သို့သော် သူတို့၏အသံသည် ကမ္ဘာမြေတစ်ခွင်လုံးသို့ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်းတိုင်အောင်ရောက်လေ၏။ ကိုယ်တော်သည် ကောင်းကင်၌ နေအတွက် ဗိမာန်ကိုတည်တော်မူသဖြင့်
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
“ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
လူမျိုးတို့ကို ရေပုံးထဲမှရေတစ်စက်ကဲ့သို့၊ ချိန်ခွင်ပေါ်မှ ဖုန်မှုန့်ကဲ့သို့ ထင်မှတ်၍ ကျွန်းတို့ကို မြူမှုန်ကဲ့သို့ ကိုင်တော်မူ၏။
လူမျိုးအားလုံးတို့သည် ကိုယ်တော်၏ရှေ့တော်၌ ဘာမျှမဟုတ်။ ကိုယ်တော်သည် သူတို့ကို အနတ္တသက်သက်၊ အချည်းနှီးသက်သက်ထက် သာ၍ငယ်သည်ဟု ထင်မှတ်တော်မူ၏။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက
ထိုအရပ်၌ ဧရာမလူတို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။