အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
ဟေရှာယ 38:15 - မြန်မာ့စံမီသမ္မာကျမ်း ငါဘာများပြောဆိုနိုင်မည်နည်း။ ကိုယ်တော်သည် ငါ့ကိုမိန့်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ စိတ်ဒုက္ခဝေဒနာကို ငါခံစားခဲ့ရသည်ဖြစ်၍ ငါ့အသက်တာတစ်လျှောက်လုံး သတိရှိရှိလျှောက်လှမ်းပါမည်။ Common Language Bible ဤအမှုကိုထာဝရဘုရား ပြုတော်မူသည်ဖြစ်၍ ငါအဘယ်သို့ပြောဆိုနိုင်ပါမည်နည်း။ ငါသည်ပူပင်သောကရောက်လျက် အိပ်၍မပျော်နိုင်ပါ။ Garrad Bible မည် သို့ ဆို ရ အံ့ နည်း။ ကိုယ် တော် သည် မိန့် တော် မူ သည့် အ တိုင်း၊ ငါ၌ ပြု စု တော် မူ ပြီ။ စိတ် နစ် နာ ခံ ရ သ ဖြင့် နှစ် စဉ် ကာ လ ပတ် လုံး ဖြည်း ဖြည်း သွား ပါ မည်။ Judson Bible အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ကတိပေးတော်မူပြီ။ ကတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။ |
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
တောင်ပေါ်ရှိဘုရားသခင်၏လူထံသို့ရောက်သည်နှင့် သူ့ခြေကိုဖက်ထားလေ၏။ ဂေဟာဇိသည် လာ၍သူ့ကိုတွန်းဖယ်မည်ပြုသောအခါ ဘုရားသခင်၏လူက “သူ့ကို လွှတ်ထားလိုက်ပါ။ သူစိတ်သောကရောက်နေ၏။ ထာဝရဘုရားသည် ငါ့အား မဖော်ပြဘဲ ထိန်ချန်ထားလေပြီ”ဟု ဆို၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
အခြားတစ်ယောက်မူကား ကောင်းစားခြင်းကို တစ်ခါမျှမခံစားရဘဲ စိတ်ထဲ၌ ခါးသီးစွာခံစားရပြီးမှ သေတတ်၏။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။
အို အကျွန်ုပ်ဘုရားရှင်၊ အစ္စရေးလူမျိုးတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရပြီဖြစ်၍ အကျွန်ုပ် မည်သို့လျှောက်ဆိုနိုင်ဦးမည်နည်း။