ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ဟေရှာယ 38:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အရိုးရှိသမျှတို့ကို ခြင်္သေ့ကဲ့သို့ချိုးတော်မူသည်ဖြစ်၍ နံနက်တိုင်အောင် ငါအော်ဟစ်ရပြီ။ ကိုယ်တော်သည် နေ့ချင်းညချင်း ငါ့ကိုအဆုံးသတ်တော်မူပြီ။ Common Language Bible ငါ၏အရိုးများကိုခြင်္သေ့ဝါး၍နေဘိ ကဲ့သို့ ငါသည်နာကျင်ခြင်းဝေဒနာနှင့်တစ်ညဥ့်လုံး ငိုကြွေးရပါ၏။ ဘုရားသခင်သည်ငါ၏အသက်ကို ကုန်ဆုံးစေတော်မူပြီဟုငါထင်မှတ် ပါ၏။ Garrad Bible ငါ သည် နံ နက် တိုင် အောင် ဆိတ် ဆိတ် နေ ရာ၊ ခြင်္သေ့ သ ဖွယ် ငါ့ အ ရိုး ရှိ သ မျှ ကို ချိုး၍ အ ကျွန်ုပ် ကို နေ့ ချင်း ဆုံး စေ တော် မူ လိမ့် မည်။ Judson Bible ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ |
ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
ကိုယ်တော်၏ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ လက်တော်၏ရိုက်နှက်မှုကြောင့် အကျွန်ုပ်သည် အားအင်ကုန်ခန်းပါပြီ။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
အကျွန်ုပ်အား ရွှင်မြူးခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကြားစေတော်မူပါ။ ကိုယ်တော်ကြေမွစေသောအရိုးတို့ကိုလည်း ရွှင်လန်းစေတော်မူပါ။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ကိုယ်တော်သည် လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၍ သူတို့သည် အိပ်ပျော်သွားကြရပါ၏။ လူသည် နံနက်အချိန်တွင် ကြီးထွားလာသည့် မြက်ပင်ကဲ့သို့ဖြစ်ပါ၏။
ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။