အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 37:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင်​ကဲ့သို့ ဖြစ်​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''

အခန်းကိုကြည့်ပါ။

Garrad Bible

ထို့ ကြောင့် ပျက် စီး ရာ မြို့ သူ မြို့ သား တို့ သည်၊ လက် ရုံး ရည် ညံ့ သ ဖြင့် ထိတ် လန့် ရှက် ကြောက်၍ စား ကျက် မြက် နု၊ စိမ်း လန်း သော မြက်၊ တိုက် မိုး ပေါ် ပေါက် သော အ ပင်၊ မ အောင် သော ကောက် ပင် များ ကဲ့ သို့၊ ဖြစ် ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင် ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ ပေါက်​သော မြက်​ပင်​နှင့်၊ မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 37:27
17 ပူးပေါင်းရင်းမြစ်များ  

ထို​စပါးနှံ​တို့​နောက်မှ သုန်ဖျင်း​၍​အရှေ့​လေ​ကြောင့်​ညှိုးရော်​နေ​သော စပါးနှံ​ခုနစ်​နှံ​သည်​လည်း ပေါက်လာ​၏​။


ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော​တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင် ကဲ့သို့​ဖြစ်​ကြ​ပြီ​။


လူ​၏​အသက်တာ​နေ့ရက်​တို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ကွင်းပြင်​ရှိ​ပန်းပွင့်​ကဲ့သို့ ရှင်သန်​တတ်​၏​။


သူ​တို့​သည် အပင်​မ​ကြီး​မီ​ခြောက်သွေ့​သွား​သည့် အိမ်ခေါင်မိုး​ပေါ်မှ​မြက်ပင်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။


အကြောင်းမူကား သူ​တို့​သည် မြက်ပင်​ကဲ့သို့ လျင်မြန်​စွာ​ညှိုးခြောက်​၍ စိမ်းလန်း​သော​မြက်နု​ကဲ့သို့ ညှိုးနွမ်း​ကြ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​သည် မြက်ပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍ အပြစ်ဒုစရိုက်​ပြု​သော​သူ အပေါင်း​တို့​သည် ရှင်သန်​ကြ​ခြင်း​မှာ ထာဝရ​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏​။


ထို​နေ့ရက်​၌ အီဂျစ်​ပြည်သား​တို့​သည် မိန်းမ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လက်​တော်​ကို ဝှေ့​တော်မူ​သောကြောင့် သူ​တို့​သည် ထိတ်လန့်​တုန်လှုပ်​ကြ​လိမ့်မည်​။


သင်​တို့​ကို​တိုက်ခိုက်​လာ​သော ခါလဒဲ​တပ်​တစ်တပ်လုံး​ကို သင်​တို့​အနိုင်ရ​လျှင်ပင် ကျန်​ခဲ့​သော​ဒဏ်ရာရ​သော​သူ​တို့​သည် ကိုယ့်​တဲ​မှ​ထလာ​ပြီး ဤ​မြို့​ကို မီး​ရှို့​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


“စပျစ်စိုက်ခင်း​သို့​သွား​၍ ဖျက်ဆီး​ကြ​လော့​။ သို့သော်လည်း အကုန်အစင်​မ​ဖျက်ဆီး​နှင့်​။ အခက်အလက်​များ​သည် ထာဝရဘုရား​နှင့် မဆိုင်​သောကြောင့် ဖယ်ပစ်​လော့​။


သင့်​နှုတ်​ဖြင့် ငါ့​အား ဆန့်ကျင်​ပုတ်ခတ်​သော​စကား​၊ မောက်မောက်မာမာ​ပြောဆို​ခဲ့​သော​စကား​အလုံးစုံ​ကို ငါ​ကြား​၏’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်​။ ထို​ပြည်​၌​ရှိ​သော​လူ​တို့​ကို​လည်း မ​ကြောက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ငါ​တို့​အစာ​ဖြစ်​၏​။ သူ​တို့​၌ အကာအကွယ်​ပေး​မည့်​သူ​မ​ရှိ​။ ငါ​တို့​၌ ထာဝရဘုရား​ရှိ​၏​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု ဆို​၏​။


သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။


အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။