Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 103:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 လူ​၏​အသက်တာ​နေ့ရက်​တို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ကွင်းပြင်​ရှိ​ပန်းပွင့်​ကဲ့သို့ ရှင်သန်​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 လူ၏ ရက် တာ သည်၊ မြက် ပင် ကဲ့ သို့ ဖြစ် လျက်၊ လယ် ပြင် ပန်း ကဲ့ သို့ သူ သည် ပွင့် လန်း လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 103:15
9 ပူးပေါင်းရင်းမြစ်များ  

စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် နွေရာသီ​မတိုင်မီ အဦးဆုံးမှည့်သောအသီး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ထို​အသီး​ကို မြင်​သော​သူ​သည် ခူး​၍ ချက်ချင်း​စားပစ်​တတ်​၏​။


ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။


ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။


အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ