အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
ဟေရှာယ 34:7 - မြန်မာ့စံမီသမ္မာကျမ်း နွားရိုင်းတို့သည် ပြည်သားတို့နှင့်အတူ၊ နွားထီးပျိုတို့သည် နွားလားတို့နှင့်အတူ လဲကျကြလိမ့်မည်။ သူတို့၏မြေသည် သွေးနှင့်ဝ၍ သူတို့၏မြေမှုန့်သည် အဆီနှင့်အီလိမ့်မည်။ Common Language Bible ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။- Garrad Bible စိုင်၊ နွား၊ ဥ သ ဘ များ တို့ ပါ ၎င်း တို့ နှင့် အ တူ သုတ် သင် ခံ ရ သ ဖြင့်၊ နေ ပြည် သည် အ သွေး ယစ် ဝ လျက်၊ မြေ လည်း ဆီ ဥ ထုံ လျက် ရှိ လိမ့် မည်။ Judson Bible ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။ |
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
ကျူတောသားရဲတိရစ္ဆာန်နှင့် လူမျိုးနွားသငယ်များအလယ်ရှိ နွားလားအုပ်ကြီးတို့ကို ဆုံးမတော်မူပါ။ ငွေချောင်းများရှိသောသူကို ခြေဖြင့်နင်းချေလျက် စစ်မက်ကိုနှစ်သက်သောလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
ငါ့အမွေကို တိုက်ခိုက်လုယက်သောသူတို့၊ သင်တို့သည် ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊ တလင်းနယ်သောနွားမတမ်းကဲ့သို့ နင်းချေလျက်၊ စစ်မြင်းများကဲ့သို့ ဟီလျက်ရှိကြသော်လည်း
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
‘သင့်ကိုယ်မှစီးကျသောသွေးများဖြင့် တောင်များပါမကျန် မြေကိုစိုစွတ်စေမည်။ မြစ်များသည်လည်း သင်၏သွေးများနှင့် ပြည့်နေလိမ့်မည်။
အချင်းလူသား၊ ငှက်အမျိုးမျိုးတို့နှင့် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးတို့အား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အရပ်ရပ်မှစုဝေးပြီး ယဇ်ပူဇော်ပွဲသို့လာကြလော့။ အစ္စရေးတောင်ပေါ်တွင် သင်တို့အဖို့ ယဇ်ပူဇော်ပွဲကြီးကို ငါပြင်ဆင်ထားပြီ။ သင်တို့သည် အသားကိုစား၍ အသွေးကိုသောက်ကြရမည်။
စစ်သူရဲတို့၏အသားကိုစား၍ မြေကြီးမင်းတို့၏သွေးကို သောက်ရကြလိမ့်မည်။ ဗာရှန်ပြည်မှ ဆူဖြိုးသောတိရစ္ဆာန်များဖြစ်သည့် သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီး၊ နွားထီးတို့၏အသားကို စားရကြလိမ့်မည်။
ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။
ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူ့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ သူသည် သူ့အား ရန်ဖက်ပြုသောလူမျိုးတို့ကို ဝါးမျို၍ သူတို့၏အရိုးကို ချိုးလိမ့်မည်။ မြားဖြင့် ချေမှုန်းလိမ့်မည်။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။