အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 33:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် သင်​အသက်ရှင်​သည့်​ကာလ​တွင် တည်ငြိမ်​ခြင်း​၊ ကယ်တင်​ခြင်း​စည်းစိမ်​၊ ဉာဏ်ပညာ​၊ အသိပညာ​ဖြစ်​တော်မူ​မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် သင်​၏​ဘဏ္ဍာ ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

သင့် လက် ထက် တည် မြဲ တည်၍၊ ကယ် တင် ခြင်း၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကြွယ် ဝ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည် လူ မျိုး တော်၏ ဘ ဏ္ဍာ ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 33:6
39 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ပြီး ပြု​လေရာရာ​၌ အထမြောက်​၏​။ သူ​သည် အဆီးရီးယား​ဘုရင်​၏​လက်အောက်ခံ​အဖြစ်​မ​နေ​ဘဲ ပုန်ကန်​လေ​၏​။


သင်​၏​ကြည်ညိုကိုင်းရှိုင်း​ခြင်း​သည် သင်​၏​ယုံကြည်အားထား​ရာ မ​ဟုတ်​လော​။ တည်ကြည်​စွာ ပြုမူကျင့်ကြံ​ခြင်း​သည် သင်​၏​မျှော်လင့်ရာ မ​ဟုတ်​လော​။


အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊ စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏ အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​အတွက် ကယ်တင်​ခြင်း​ရဲတိုက်​ဖြစ်​တော်မူ​၏​။


သမ္မာတရား​၊ နှိမ့်ချ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့်ဆိုင်သော​အရေးကိစ္စ​အတွက် ကိုယ်တော်​၏​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် အောင်မြင်​စွာ​စီးနင်း​ကြွမြန်း​တော်မူ​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အံ့ဩဖွယ်​အမှု​တို့​ကို ကိုယ်တော်​အား​ပြသ​ပါစေသော​။


ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​၌ တန်ခိုးကြီး​သော​ကိုးစား​ရာ​ရှိ​၍ ၎င်း​သည် သူ​၏​သားသမီး​တို့​အတွက် ခိုလှုံ​ရာ​ဖြစ်​လိမ့်မည်​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။


ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​ပေး​သည်​ဖြစ်၍ ထို​စိတ်သဘော​ရှိ​သော​သူ​သည် ပြည့်စုံ​စွာ​နေ​ရ​လျက် ဘေးအန္တရာယ်​နှင့်​ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။


သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။


တိုင်းပြည်​၌​အပြစ်​ကျူးလွန်​ခြင်း​ရှိ​သောအခါ အုပ်ချုပ်သူ​များပြား​လာ​တတ်​၏​။ သို့သော် သိမြင်​နားလည်​တတ်​သော​သူ​အားဖြင့် တိုင်းပြည်​သည် ကြာရှည်တည်တံ့​လိမ့်မည်​။


ရှင်ဘုရင်​သည် တရားမျှတမှု​အားဖြင့် တိုင်းပြည်​ကို​တည်မြဲ​စေ​တတ်​၏​။ အခွန်​မတရား​ကောက်ခံ​သော​သူ​မူကား တိုင်းပြည်​ကို​ပြိုပျက်​စေ​တတ်​၏​။


အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။


ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။


ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​။ အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့်​ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​ကို သိကျွမ်း​ခြင်း​နှင့်​ပြည့်​လိမ့်မည်​။


ထို​နေ့ရက်​၌ ယုဒ​ပြည်​တွင် ဤ​သီချင်း​ကို သီဆို​လိမ့်မည်​။ “​ငါ​တို့​၌ ခိုင်ခံ့​သော​မြို့​ရှိ​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ကို မြို့ရိုး​သဖွယ်​၊ တံတိုင်း​သဖွယ် တည်​တော်မူ​မည်​။


ဖြောင့်မတ်​ခြင်း​၏​အကျိုး​သည် ငြိမ်သက်​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​ခြင်း​၏​ရလဒ်​သည် ထာဝရ​ငြိမ်းချမ်း​ခြင်း​၊ ထာဝရ​လုံခြုံ​ခြင်း​ဖြစ်​၏​။


ငါ​၏​လူမျိုး​သည် ငြိမ်းချမ်း​သော​နေရာ​၊ လုံခြုံ​သော​အိမ်​၊ ငြိမ်းအေး​သော​ခိုနား​ရာ​၌ နေ​ရ​လိမ့်မည်​။


ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။


အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။


ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သူ​သည် အလျင်အမြန်​လွတ်မြောက်​လာ​မည်​။ သူ​သည် ထောင်တွင်း​ထဲ၌​သေ​ရ​မည်​မ​ဟုတ်​။ သူ​၌ အစားအစာ ချို့တဲ့​မည်​မ​ဟုတ်​။


မိုးကောင်းကင်​ကို မျှော်ကြည့်​ကြ​လော့​။ အောက်​အရပ်​ကမ္ဘာမြေကြီး​ကို​လည်း ကြည့်​ကြ​လော့​။ မိုးကောင်းကင်​သည် မီးခိုး​ကဲ့သို့​ကွယ်ပျောက်​သွား​မည်​။ ကမ္ဘာမြေကြီး​သည်​လည်း အဝတ်​ကဲ့သို့​ဟောင်းနွမ်း​သွား​မည်​။ မြေကြီးသား​တို့​သည်​လည်း မှက်ကောင်​ကဲ့သို့ သေဆုံး​ကြ​မည်​။ သို့သော် ငါ​၏​ကယ်တင်​ခြင်း​သည် အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​သည် ပျောက်ပျက်​မည်​မ​ဟုတ်​။


ထာဝရဘုရား​က “​သူ​တို့​သည် အိမ်နီးချင်း​၊ ညီအစ်ကိုချင်း​တို့​အား ‘​ထာဝရဘုရား​နှင့် သိကျွမ်း​ခြင်း​ရှိ​လော့​’​ဟု သင်ကြား​ပေး​စရာ​မ​လို​။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​တိုင်း ငါ့​ကို သိကျွမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ခွင့်လွှတ်​မည်​။ သူ​တို့​၏​အပြစ်​များ​ကို အောက်မေ့​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့် ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည်​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​အကြောင်း​ကို သိကျွမ်း​ခြင်း​နှင့် ပြည့်​လိမ့်မည်​။


ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။


ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။


အကြောင်းမူကား ကိုယ်ခန္ဓာ​နှင့်ဆိုင်သော​လေ့ကျင့်​မှု​သည် အနည်း​အကျဉ်း​အကျိုး​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​မူကား ယခု​ဘဝ၊ နောင်​ဘဝ​နှင့်ဆိုင်သော ကတိ​တော်​ပါ​ရှိ​သည်​ဖြစ်၍ အလုံးစုံ​တို့​အတွက် အကျိုး​ရှိ​၏။


သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။