လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ဟေရှာယ 33:3 - မြန်မာ့စံမီသမ္မာကျမ်း မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ဘက် မှနေ၍တိုက်ခိုက်တော်မူသောအခါ၊ ရန်သူ တို့သည်စစ်တိုက်ခိုက်သံများကြောင့်ထွက် ပြေးကြပါ၏။- Garrad Bible အ သံ ဗ လံ တော် ကြောင့် လူ မျိုး တို့ ပြေး သွား ရ လျက်၊ ထ ကြွ တော် မူ ခြင်း ကြောင့် လူ မျိုး ခြား တို့ လွင့် သွား ရ လျက်၊ Judson Bible အလုံးအရင်း၏အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။ |
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
အကယ်စင်စစ် သူတို့သည် ဓားအိမ်မှဆွဲထုတ်ထားသောဓား၊ တင်ထားသောလေး၊ ပြင်းထန်သောစစ်ပွဲမှ ထွက်ပြေးကြ၏။
လူတို့သည် သင်တို့၏လုယက်ပစ္စည်းကို ကျိုင်းကောင်အစုအအုံကဲ့သို့ စုပုံထားကြမည်။ ကျိုင်းကောင်များခုန်ပေါက်ပြေးလွှားသကဲ့သို့ ထိုပစ္စည်းတို့အပေါ် ပြေးလွှားကြမည်။
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။