Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 33:3 - Common Language Bible

3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ သံ ဗ လံ တော် ကြောင့် လူ မျိုး တို့ ပြေး သွား ရ လျက်၊ ထ ကြွ တော် မူ ခြင်း ကြောင့် လူ မျိုး ခြား တို့ လွင့် သွား ရ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​လုံး​အ​ရင်း၏​အ​သံ​ကြောင့်၊ လူ​စု​တို့​သည် ပြေး​ကြ၏။ ထ​တော်​မူ​သော​အ​ခါ၊ လူ​မျိုး​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 33:3
13 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။


အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။


ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။


လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။


သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။


``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။ အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ