အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ဟေရှာယ 32:11 - မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။ Common Language Bible သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။- Garrad Bible ချမ်း သာ စွာ နေ ထိုင် သော မိန်း မ တို့၊ ချောက် ချား ကြ လော့။ လျစ် လျူ သူ တို့၊ တုန် လှုပ် ကြ လော့။ နှစ် သက် ဖွယ် လက် ရာ နှင့် အ သီး များ သော စ ပျစ် ပင် ကို လည်း ကောင်း၊ ဆူး ပင်၊ ရှား စောင်း ပင် များ ပေါက် ရောက် သော ငါ့ လူ မျိုး ချင်း တို့ မြေ ရာ ကို လည်း ကောင်း၊ ရွှင် လန်း ဖူး သော ရွှေ မြို့ တော် ရှိ၊ ပျော် မွေ့ ခဲ့ ရာ တိုက် အိမ် များ ကို လည်း ကောင်း လွမ်း ဆွတ် လျက်၊ အ ဝတ် တန် ဆာ ရှိ သ မျှ ချွတ် လဲ၍၊ ခါး စည်း ခြင်း၊ ရင် တီး ခြင်း များ ကို ပြု ကြ လော့။ Judson Bible ငြိမ်သက်စွာနေသော မိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ်တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။ |
အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
လူတို့သည် ထိုမကောင်းသောသတင်းကိုကြားကြသောအခါ ငိုကြွေးမြည်တမ်းလျက် မည်သူမျှ မိမိ၏အဆင်တန်ဆာကို မဆင်ဘဲနေကြ၏။
ပြည်သားရှိသမျှတို့သည် လျှော်တေအဝတ်ကိုဝတ်၍ လမ်းများ၊ ခေါင်မိုးပြင်များ၊ လူစည်ကားရာအရပ်များ၌ ညည်းတွားငိုကြွေး၍ မျက်ရည်ချောင်းစီးလေ၏။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်ဆောင်အက်ကွဲကြောင်းများ၊ ကျောက်ဂူများထဲသို့ ပြေးဝင်ကြလိမ့်မည်။
အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
လျှော်တေအဝတ်ကိုဝတ်ပြီး ခင်ပွန်းလောင်းအတွက် ငိုကြွေးမြည်တမ်းနေသောအပျိုကညာကဲ့သို့ ငိုကြွေးမြည်တမ်းလော့။
“သို့ဖြစ်၍ အစ္စရေးလူမျိုးတို့၊ ထိုသို့ သင်တို့ကိုငါစီရင်မည်။ ထိုသို့ သင်တို့ကိုငါစီရင်မည်ဖြစ်၍ အို အစ္စရေးလူမျိုးတို့၊ သင်တို့၏ဘုရားသခင်ကို ရင်ဆိုင်ရန် အသင့်ပြင်ကြလော့။”
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။