ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ဟေရှာယ 30:17 - မြန်မာ့စံမီသမ္မာကျမ်း ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။ Common Language Bible ရန်သူတစ်ယောက်ကိုမြင်လျှင်သင်တို့ဘက် မှလူတစ်ထောင်ထွက်ပြေးကြလိမ့်မည်။ ရန် သူငါးယောက်ဆိုလျှင် သင်တို့အားလုံးပင် ထွက်ပြေးကြလိမ့်မည်။ တောင်ထိပ်တွင်အထီး တည်းစိုက်ထူထားသည့်အလံတိုင်မှတစ်ပါး သင်တို့၏တပ်မတော်မှအဘယ်အရာမျှ ကျန်ရှိခဲ့လိမ့်မည်မဟုတ်။- Garrad Bible ရန် သူ တစ် ယောက် သော် လည်း ကောင်း၊ ငါး ယောက် သော် လည်း ကောင်း၊ ကြိမ်း မောင်း သော်၊ ပြေး အံ့ သော သင် တို့ ထောင် တပ် အ နက်၊ တောင် ထိပ် မှာ အ လံ တစ် တိုင်၊ ကုန်း ပေါ် မှာ အ လံ တစ် လံ မျှ သာ ကြွင်း ကျန် လိမ့် မည်။ Judson Bible သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့လည်းကောင်း ဖြစ်ရသည်တိုင်အောင်၊ တစ်ယောက်သောသူသည် ခြိမ်းလျှင်၊ တစ်ထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တစ်သောင်းပြေးကြလိမ့်မည်။ |
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါတို့ကို လိုက်သောသူတို့သည် ကောင်းကင်လင်းယုန်ငှက်ထက် သာ၍လျင်မြန်ကြ၏။ တောင်များပေါ်တွင် ငါတို့ကို အပြင်းအထန်လိုက်ကြ၏။ တောကန္တာရတွင်လည်း ငါတို့ကို ချောင်းမြောင်းကြ၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
အဖိနှိပ်ခံရသူများ၊ ဆင်းရဲသားများကို သင့်ထံတွင် ငါချန်ထားမည်။ သူတို့သည် ထာဝရဘုရား၏နာမတော်၌ ခိုလှုံကြလိမ့်မည်။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။