ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
ဟေရှာယ 3:19 - မြန်မာ့စံမီသမ္မာကျမ်း နားဆွဲ၊ လက်ကောက်၊ မျက်နှာလွှားဇာ၊ Common Language Bible နားဆွဲများ၊ လက်ကောက်များ၊ သူတို့၏ မျက်နှာဖုံးဇာပုဝါများ၊ ဦးထုပ်များ၊- Garrad Bible ခြေ ချင်း၊ ထိပ် စည်း၊ လည် ဆွဲ၊ နား ဆွဲ၊ လက် ကောက်၊ မျက် နှာ ဖုံး၊ Judson Bible နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ |
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
သူသည် သူ့ညီမထံမှ နှာဆွဲကိုလည်းကောင်း၊ လက်မှလက်ကောက်တို့ကိုလည်းကောင်း မြင်၍ “ထိုသူသည် ကျွန်မကို ဤသို့ပြောပါသည်”ဟု ဆိုသောမိမိညီမရေဗက္ကာ၏စကားကိုကြားသည်နှင့် ထိုသူရှိရာသို့သွားလေ၏။ ထိုသူသည် စမ်းရေတွင်းနားရှိ ကုလားအုတ်တို့အနီးတွင် ရပ်နေ၏။
ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။
ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။
တာမာကို အပြင်သို့ထုတ်လာကြသောအခါ သူက “ကျွန်မသည် ဤပစ္စည်းတို့ကိုပိုင်သောသူနှင့်ကိုယ်ဝန်ရပါ၏။ ဤတံဆိပ်၊ ဤကြိုး၊ ဤတောင်ဝှေးတို့သည် မည်သူ၏ပစ္စည်းဖြစ်သည်ကိုစစ်ကြည့်ပါ”ဟု သူ့ယောက္ခမထံစကားပါးလိုက်၏။
အာရုန်ကလည်း “သင်တို့၏မယားနှင့် သားသမီးတို့၏နား၌ဆင်ထားသော ရွှေနားကွင်းများကိုချွတ်၍ ငါ့ထံသို့ယူဆောင်ခဲ့လော့”ဟု သူတို့အားဆို၏။
ထိုအခါ လူအပေါင်းတို့သည် မိမိတို့၏နား၌ဆင်ထားသော ရွှေနားကွင်းများကိုချွတ်၍ အာရုန်ထံသို့ယူလာကြ၏။
စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် သူတို့၏တင့်တယ်သောခြေချင်း၊ ခေါင်းစည်း၊ လခြမ်းကွေးလည်ဆွဲ၊
သင့်ကို လက်ဝတ်ရတနာများ ဆင်ယင်ပေး၏။ သင့်လက်၌ လက်ကောက်ဝတ်ပေး၏။ သင့်လည်ပင်း၌ ဆွဲကြိုးဆွဲပေး၏။
သင့်နှာခေါင်း၌ နှာဆွဲ၊ သင့်နား၌ နားကပ်၊ သင့်ခေါင်းပေါ်၌ တင့်တယ်သောသရဖူ စသည်ဖြင့် ငါဆင်ယင်ပေး၏။
ထာဝရဘုရားရှေ့တော်၌ အကျွန်ုပ်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် အကျွန်ုပ်တို့သည် အသီးသီး မိမိတွေ့ရှိသော ရွှေတန်ဆာလက်ပတ်၊ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသည်တို့ကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံ ယူဆောင်ခဲ့ပါ၏”ဟု လျှောက်ကြ၏။