Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 32:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုအခါ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ အာရုန်​ထံသို့​ယူလာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ငါ့ ထံ ဆောင် ခဲ့ ကြ ဟု မိန့် ဆို သည့် အ တိုင်း ဆင် ယင် သော ရွှေ နား တောင်း များ ကို လူ မျိုး လုံး ချွတ်၍ အာ ရုန့် ထံ ဆောင် ခဲ့ ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 32:3
10 ပူးပေါင်းရင်းမြစ်များ  

ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍


ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။


အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။


အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။


ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဟောရပ်​တောင်​၌ မိမိ​တို့​၏​အဆင်တန်ဆာ​များ​ကို​ချွတ်​ကြ​၏​။


နားဆွဲ​၊ လက်ကောက်​၊ မျက်နှာလွှားဇာ​၊


ရွှေ​ကို အိတ်​ထဲမှ​သွန်ချ​သော​သူ​၊ ငွေ​ကို ချိန်ခွင်​နှင့်​ချိန်​သော​သူ​တို့​သည် ပန်းထိမ်သမား​ကို​ငှားရမ်း​၍ ဘုရား​ရုပ်တု​ထုလုပ်​စေ​ပြီး ပျပ်ဝပ်​ကိုးကွယ်​ကြ​၏​။


ကျွမ်းကျင်​သော​လက်မှုပညာသည်​နှင့် ပန်းထိမ်သမား​တို့​က တာရှု​မြို့​မှ​လာ​သည့်​ငွေပြား​၊ ဥဖတ်​မြို့​မှ​လာ​သော​ရွှေ​တို့​ဖြင့် တန်ဆာဆင်​ပေး​ကြ​၏​။ ကျွမ်းကျင်သူ​တို့​က အပြာရောင်​အထည်​၊ ခရမ်းရောင်​အထည်​တို့​ဖြင့်​လည်း တန်ဆာဆင်​ပေး​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ