အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
ဟေရှာယ 29:9 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။ Common Language Bible သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။- Garrad Bible အံ့ အား သင့်၍ ငေး မှိုင် ကြ လော့။ မျက် စိ မှိတ် လျက် ကန်း နေ ကြ လော့။ စ ပျစ် ရည် မ သောက် ဘဲ မူး ယစ် လျက်၊ အရက် မ သောက် ဘဲ ယိမ်း ယိုင် လျက် နေ ကြ ၏။ Judson Bible ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက်ရှိကြ၏။ |
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။
အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။
အို မိုးကောင်းကင်၊ ဤအမှုအရာ၌ တုန်လှုပ်ချောက်ချားလျက်နေလော့။ အလွန်ကြောက်လန့်လျက်၊ မှင်တက်လျက်နေလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပရောဖက်တို့နှင့်ပတ်သက်၍ ငါ့စိတ်နှလုံးသည် ကျိုးပဲ့လျက်၊ အရိုးရှိသမျှတို့သည်လည်း တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရားကြောင့်၊ သန့်ရှင်းသောစကားတော်ကြောင့် ငါသည် အမူးသမားကဲ့သို့၊ စပျစ်ဝိုင်ယစ်မူးသူကဲ့သို့ ဖြစ်၏။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
ထာဝရဘုရားက “ထိုနေ့ရက်၌ ရှင်ဘုရင်နှင့်အကြီးအကဲတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ချောက်ချား၍ ပရောဖက်တို့သည် အံ့အားသင့်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
“လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။