မဿဲ 26:45 - မြန်မာ့စံမီသမ္မာကျမ်း45 ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။ အခန်းကိုကြည့်ပါ။Common Language Bible45 ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။- အခန်းကိုကြည့်ပါ။Garrad Bible45 ထို နောက် တ ပည့် တော် တို့ ထံ ကြွ လာ၍ ယ ခု အိပ် စက် နား နေ ကြ လော့။ အ ချိန် နာ ရီ တိုင် လု ပြီ။ လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible45 ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း45 ထို့နောက် ယေရှုသည် တပည့်တော်တို့ထံ ပြန်ကြွလာ၍ “သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် နားနေကြသေးသလော။ လူသားကို အပြစ်သားတို့၏ လက်ထဲသို့ အပ်နှံရသောအချိန် ရောက်လာပြီ။ အခန်းကိုကြည့်ပါ။မြန်မာ45 ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- အခန်းကိုကြည့်ပါ။ |
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။