အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 28:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် နွေရာသီ​မတိုင်မီ အဦးဆုံးမှည့်သောအသီး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ထို​အသီး​ကို မြင်​သော​သူ​သည် ခူး​၍ ချက်ချင်း​စားပစ်​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ပြန့် ပြော သော ချိုင့် ထိပ် တွင် ညှိုး နွမ်း ဆဲ ရ တ နာ ပန်း ဦး ရစ် လည်း၊ အ ချိန် မ တိုင် မီ သီး ဦး သ ဖန်း သီး မှည့် ကို မြင် လျှင် မြင် ချင်း၊ ဆွတ် ခူး စား မျို သ ကဲ့ သို့ ခံ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည်၊ နွေ​ကာ​လ​မ​စေ့​မီ အ​လျင်​သီး​သော အ​သီး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထို​အ​သီး​ကို မြင်​သော​သူ​သည် မြင်​လျက်၊ လက်​နှင့် ကိုင်​လျက်​ပင် စား​တတ်၏။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 28:4
12 ပူးပေါင်းရင်းမြစ်များ  

စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


အကြောင်းမူကား ထို​သူငယ်​သည် အဖေ​၊ အမေ​ဟု မ​ခေါ်​တတ်​မီ ဒမတ်စကပ်​မြို့​၏​ဥစ္စာပစ္စည်း​၊ ရှမာရိ​မြို့​၏​လုယက်ပစ္စည်း​တို့​ကို အဆီးရီးယား​ဘုရင် သိမ်းယူ​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။


သူ​သည် ညီအစ်ကို​များ​ထဲတွင် အသီး​များစွာ​သီး​တတ်​သော်လည်း အရှေ့​လေ​တည်းဟူသော ထာဝရဘုရား​၏​လေ​သည် တောကန္တာရ​မှ​တိုက်​လာ​၍ သူ​၏​စမ်းရေတွင်း​နှင့်​ရေထွက်ပေါက်​တို့​သည် ခန်းခြောက်​လိမ့်မည်​။ ဘဏ္ဍာတိုက်​ရှိ​အဖိုးတန်​ရတနာ​အားလုံး တိုက်ခိုက်လုယက်​ခြင်း​ခံရ​လိမ့်မည်​။


“အို ဧဖရိမ်​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ အို ယုဒ​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ သင်​တို့​၏​မေတ္တာ​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ဧဖရိမ်​သည် ဒဏ်ခတ်​ခံရ​သဖြင့် အမြစ်​ခြောက်သွေ့​ကာ အသီး​မ​သီး​နိုင်​သော​အပင်​ကဲ့သို့ ဖြစ်​၏​။ သားဖွား​လျှင်​လည်း သူ​ချစ်မြတ်နိုး​သော​သား​ကို ငါ​ကွပ်မျက်​မည်​။”


ငါ​၌ အမင်္ဂလာ​ရှိ​၏​။ အကြောင်းမူကား ငါ​သည် နွေရာသီသီးနှံ​ရိတ်သိမ်းသူ​များ​၊ စပျစ်ခြံ​၌ အသီးကျန်လိုက်ခူးသူ​များ​နှင့်​တူ​လေ​ပြီ​။ စားစရာ​စပျစ်သီးခိုင် တစ်​ခိုင်​မျှ​မ​ရှိ​၊ အဦးဆုံးမှည့်သောအသီး​ကို စားလိုစိတ်​ရှိ​သော်လည်း တစ်​လုံး​မျှ​မ​ရှိ​။


သင်​၏​ခံတပ်​ရှိသမျှ​သည် အဦးဆုံးအသီး​များ​မှည့်​နေ​သည့် သဖန်းပင်​နှင့်​တူ​၏​။ ထို​အပင်​တို့​ကို​လှုပ်ခါ​လိုက်​လျှင် အသီး​တို့​သည် စား​မည့်​သူ​၏​ပါးစပ်​ထဲသို့ ပြုတ်ကျ​၏​။


ကောင်းကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်ခါ​သောအခါ သဖန်းပင်​မှ​အသီးစိမ်း​များ​ကြွေကျ​သကဲ့သို့ မြေကြီး​ပေါ်သို့​ကျ​ကြ​၏။