Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 9:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဧဖရိမ်​သည် ဒဏ်ခတ်​ခံရ​သဖြင့် အမြစ်​ခြောက်သွေ့​ကာ အသီး​မ​သီး​နိုင်​သော​အပင်​ကဲ့သို့ ဖြစ်​၏​။ သားဖွား​လျှင်​လည်း သူ​ချစ်မြတ်နိုး​သော​သား​ကို ငါ​ကွပ်မျက်​မည်​။”

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​မြစ် များ​သွေ့​ခြောက်​သ​ဖြင့် အ​သီး​မ​သီး​နိုင် သော​အ​ပင်​နှင့်​တူ​၏။ သူ​တို့​တွင်​သား​သ​မီး များ​မ​ထွန်း​ကား​စေ​ရ။ အ​ကယ်​၍​သား သ​မီး​များ​ထွန်း​ကား​ခဲ့​သည်​ရှိ​သော်​သူ တို့​၏​ရင်​သွေး​များ​ကို​ငါ​သတ်​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဧ ဖ ရိမ် သည်၊ အ ပစ် အ ခတ် ခံ ရ ၍၊ အ မြစ် ပါ သွေ့ ခြောက် လျက် အ သီး မ သီး ချေ။ သား ဖွား သော် လည်း၊ ချင်း ရင် သွေး တို့ ကို ငါ သေ စေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဧ​ဖ​ရိမ်​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ အ​မြစ်​သွေ့​ခြောက်​လျက်​ရှိ၍ အ​သီး​ကို မ​သီး​နိုင်​ရာ။ သား​ဖွား​သော်​လည်း၊ အ​ချစ်​ဆုံး​သော​သား​တို့​ကို ငါ​သတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 9:16
10 ပူးပေါင်းရင်းမြစ်များ  

ထို​စပါးနှံ​တို့​နောက်မှ ခြောက်သွေ့​သုန်ဖျင်း​၍ အရှေ့​လေ​ကြောင့် ညှိုးရော်​နေ​သော​စပါးနှံ​ခုနစ်​နှံ​ထွက်လာ​၏​။


သူ့​အမြစ်​တို့​သည် ခြောက်သွေ့​သွား​လိမ့်မည်​။ သူ့​အခက်အလက်​တို့​သည်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။


သူ​တို့​သည် စိုက်​ခါစ​ပျိုးပင်​၊ ကြဲ​ခါစ​မျိုးစေ့​၊ မြေကြီး​ထဲ၌​အမြစ်​စွဲ​ခါစ​အပင်ပေါက်​ကဲ့သို့​ဖြစ်၍ သူ​တို့​ကို မှုတ်​တော်မူ​သဖြင့် သူ​တို့​သည် ခြောက်သွေ့​သွား​မည်​။ ဖွဲ​ကဲ့သို့ လေပွေ​တိုက်​ရာ လွင့်ပါ​သွား​မည်​။


သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


ဧဖရိမ်​သည် ရုပ်တု​နောက်သို့ ကောက်ကောက်​ပါ​အောင်​လိုက်​သောကြောင့် နှိပ်စက်​ခြင်း​ကို​ခံရ​၍ တရားစီရင်​ခြင်း​ကြောင့် ကျိုးပဲ့ကြေမွ​လေ​ပြီ​။


သူ​တို့​သည် လေ​ကို​ကြဲ​သဖြင့် လေပွေ​ကို​သာ ရိတ်​ရ​လိမ့်မည်​။ ကောက်ပဲသီးနှံ​တို့​လည်း အညှောက်​မ​ထွက်​။ ထွက်​ပြန်​လျှင်​လည်း အသီး​မ​သီး​။ သီး​ပြန်​လျှင်​လည်း သူစိမ်း​လူ​တို့ စား​သွား​လိမ့်မည်​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အိမ်ပြင်​၌ ဆွေမျိုးရင်းချာ​တို့​သည် ဓား​ဖြင့်​ဆုံး​လိမ့်မည်​။ အိမ်တွင်း​၌ ဆံပင်ဖြူ​သူ​မှစ၍ နို့စို့ကလေးငယ်​၊ လူပျို​၊ အပျို​တို့​သည် ကြောက်ရွံ့ထိတ်လန့်​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ