ထို့နောက် အာရွှေရုမင်းကြီးသည် ပြည်တော်တစ်ခွင် ပင်လယ်ကမ်းရိုးတန်းဒေသများပါမကျန် အခွန်စည်းကြပ်လေ၏။
ဟေရှာယ 24:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အရှေ့အရပ်၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။ Common Language Bible အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။- Judson Bible သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း ချီးမွမ်းကြလော့။ |
ထို့နောက် အာရွှေရုမင်းကြီးသည် ပြည်တော်တစ်ခွင် ပင်လယ်ကမ်းရိုးတန်းဒေသများပါမကျန် အခွန်စည်းကြပ်လေ၏။
ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။
ထို့ကြောင့် အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ဂုဏ်ပြုချီးမွမ်းလိမ့်မည်။ ကြမ်းကြုတ်သောလူမျိုးတို့နေသောမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့လိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
ကမ်းရိုးတန်းဒေသတို့သည် မြင်၍ ကြောက်ရွံ့ကြပြီ။ မြေကြီးစွန်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီ။ သူတို့သည် ချဉ်းကပ်လာကြပြီ။
ပင်လယ်တွင်သွားလာသောသူတို့မှစ၍ ပင်လယ်ထဲရှိရှိသမျှ၊ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ထိုအရပ်တို့၌နေထိုင်သောသူရှိရှိသမျှတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကိုသီဆိုကြလော့။ မြေကြီးစွန်းမှ ချီးမွမ်းကြလော့။
သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။
ငါ၏ဖြောင့်မတ်ခြင်းသည် အနီးတွင်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်လာပြီ။ ငါ့လက်ရုံးသည် လူမျိုးတို့ကိုတရားစီရင်မည်။ ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်၍ ငါ့လက်ရုံးကို မျှော်လင့်ကိုးစားကြလိမ့်မည်။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။
ဤသည်ကား ငါတို့၏ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ငါတို့သခင်ယေရှု၏နာမတော်သည် သင်တို့၌ဘုန်းထင်ရှားစေခြင်းကိုခံရလျက် သင်တို့သည်လည်း ကိုယ်တော်၌ဘုန်းထင်ရှားစေခြင်းကိုခံရမည့်အကြောင်းတည်း။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။