ဟေရှာယ 22:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ မြဲမြံသောနေရာ၌ စိုက်ထားသောငုတ်သည် ဆွဲနုတ်ခံရမည်။ ခုတ်ဖြတ်လှဲချခံရမည်။ သူ၏ဝန်ထုပ်သည်လည်း ဖယ်ရှားခြင်းခံရမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။ Common Language Bible ဤသို့ဖြစ်ပျက်လာသောအခါခိုင်မြဲစွာ ရိုက်သွင်းထားသည့်ငုတ်သည် ချောင်၍လာ ကာလဲကျသွားလိမ့်မည်။ ယင်းတွင်ဆွဲချိပ် ထားသမျှသောအရာတို့သည်လည်း ပျက် စီးသွားကြလိမ့်မည်'' ဟုထာဝရဘုရား မိန့်တော်မူ၏။ Garrad Bible ထို ကာ လ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ခိုင် ခံ့ သော နေ ရာ၌ စိုက် သွင်း ပြီး ကြက် ဆူး သည်၊ ဖြတ် ခြင်း ကို ခံ၍ လျော ကျ သ ဖြင့်၊ ဆွဲ ထား သော ဝန် လည်း ပြုတ် ကျ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ကို ဆင့် ဆို ရန် မိန့် တော် မူ သ တည်း။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသောဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ)
သူ့ကို မြဲမြံသောနေရာတွင် ငုတ်တိုင်ကဲ့သို့ ငါစိုက်မည်။ သူသည် မိမိဖခင်၏အမျိုးအနွယ်အတွက် ဘုန်းအသရေပလ္လင်ဖြစ်မည်။
သူ့ဖခင်အမျိုးအနွယ်၏ဘုန်းအသရေဖြစ်သည့် သားမြေးများ၊ အဆွယ်အပွားများ၊ သေးငယ်သောတန်ဆာပလာများဖြစ်သည့် အင်တုံတန်ဆာပလာများမှစ၍ အိုးခွက်တန်ဆာပလာအားလုံးကို သူ၌ချိတ်ထားကြလိမ့်မည်။
အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။
ငါကိုယ်တော်တိုင် မိန့်မြွက်ပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ သူ့ကို ငါဆောင်ခဲ့ပြီ။ သူသွားရာလမ်းသည် အောင်မြင်လိမ့်မည်။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
သင်တို့ထံ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို စေလွှတ်မည်၊ သားရဲတိရစ္ဆာန်တို့ကို စေလွှတ်မည်။ သင်တို့သည် သားသမီးမဲ့ ဖြစ်ကြလိမ့်မည်။ ကပ်ရောဂါဘေး၊ သေဘေးတို့ သင့်ထံရောက်လာမည်။ သင့်အပေါ် ဓားဘေးကျရောက်စေမည်’ဟူ၍ ငါထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆိုလေ၏။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။