ဟေရှာယ 22:23 - မြန်မာ့စံမီသမ္မာကျမ်း23 သူ့ကို မြဲမြံသောနေရာတွင် ငုတ်တိုင်ကဲ့သို့ ငါစိုက်မည်။ သူသည် မိမိဖခင်၏အမျိုးအနွယ်အတွက် ဘုန်းအသရေပလ္လင်ဖြစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါသည်ခိုင်မြဲစွာရိုက်ထားသည့်ငုတ်ကဲ့သို့ သူ့အားမြဲမြံစွာထားရှိမည်။ သူသည်လည်း မိမိအိမ်ထောင်စုတစ်စုလုံး၏ဂုဏ်အသ ရေကိုဆောင်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible23 ခိုင် ခံ့ သော နေ ရာ ၌ ကြက် ဆူး သ ဖွယ် ငါ စိုက် သွင်း ရာ၊ အ ဘ ၏ အိမ် ၌ အ သ ရေ ဆောင် ပ လ္လင် သ ဖွယ် ဖြစ် သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible23 မြဲသောအရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်။ သူသည် မိမိအဘ၏အိမ်၌ ကျက်သရေပလ္လင်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။