‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-
မြင့် မြတ် သော အ ရပ် တွင် သင်္ချိုင်း ကို ထွင်း၍၊ ကျောက် တောင် အ တွင်း သိပ် ထား ရာ ကို ဆစ် သော သင် သည်၊ ဤ ပြည်၌ မည် သည့် အ ရာ၊ မည် သူ့ ကို ပိုင် ဆိုင်၍၊ ဤ တွင် ထွင်း ဆစ် ဝံ့ သ နည်း။
မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့ထွင်းစေခြင်းငှာ၊ ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့် ဆိုင်သနည်း။
‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
မိမိတို့အတွက် ပြိုပျက်ရာများကိုပြန်လည်တည်ဆောက်နေကြသော ရှင်ဘုရင်များ၊ လောကီအကြံပေးသူများ၊
တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့သည် မိမိတို့၏ဂူဗိမာန်အသီးသီး၌ ဘုန်းအသရေရှိရှိလဲလျောင်းကြရ၏။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
အချင်းလူ၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် သင့်ကို ကြမ်းတမ်းစွာလွှင့်ပစ်တော်မူမည်။ သင့်ကို မြဲမြဲကိုင်ထား၍
ယခု ငါဘာပြုရမည်နည်း။ ငါ့လူမျိုးတော်ကို အကြောင်းမဲ့ ခေါ်ဆောင်သွားကြပြီ။ သူတို့ကိုအုပ်စိုးသောသူတို့သည် ဟစ်ကြွေးကြ၏။ ငါ့နာမကို တစ်နေ့လုံး မထီလေးစားပြုကြ၏။
ထကြ။ ထွက်သွားကြ။ ဤပြည်သည် ငြိမ်းချမ်းသောပြည် မဟုတ်တော့ပြီ။ ဤပြည်သည် ညစ်ညူးသောကြောင့် ကြီးစွာသောပျက်စီးခြင်းဖြင့် ပျက်စီးရလိမ့်မည်။
ကျောက်ဆောင်၌ထွင်းထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူသစ်ထဲတွင် သွင်းထားလေ၏။ ထို့နောက် ကြီးမားသောကျောက်တုံးကို ဂူဝသို့လှိမ့်ထားပြီးမှ ပြန်သွားလေ၏။