Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:16 - Common Language Bible

16 ``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မြင့် မြတ် သော အ ရပ် တွင် သင်္ချိုင်း ကို ထွင်း၍၊ ကျောက် တောင် အ တွင်း သိပ် ထား ရာ ကို ဆစ် သော သင် သည်၊ ဤ ပြည်၌ မည် သည့် အ ရာ၊ မည် သူ့ ကို ပိုင် ဆိုင်၍၊ ဤ တွင် ထွင်း ဆစ် ဝံ့ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ‘​ဤ​နေရာ​၌ မိမိ​အတွက်​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ မြင့်ရာအရပ်​၌ မိမိ​၏​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ ကျောက်​ကို​ထွင်း​၍ မိမိ​နေရာ​ကို​လုပ်​သော​သူ သင်​သည် ဤ​နေရာ​နှင့် မည်သို့​ဆိုင်​သနည်း​။ မည်သူ​က သင့်​ကို​အခွင့်ပေး​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:16
10 ပူးပေါင်းရင်းမြစ်များ  

``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။


အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။


ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။


မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊


ကမ္ဘာ​မြေ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် မိ​မိ တို့​၏​လှ​ပ​သော​သင်္ချိုင်း​များ​တွင်​လဲ​လျောင်း လျက်​ရှိ​ကြ​၏။-


သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-


သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-


ထ​၍​ထွက်​ခွာ​ကြ​လော့။ ဤ​ပြည်​သည်​သင်​တို့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရာ​အ​ရပ်​မ​ဟုတ်​တော့​ပြီ။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ဤ​ပြည် သည်​ပျက်​စီး​ရ​လိမ့်​မည်။


ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ