ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။
ဟေရှာယ 21:4 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် စိတ်ချောက်ချား၍ ကြောက်စိတ်ကြောင့် တုန်လှုပ်လျက်ရှိ၏။ ငါနှစ်သက်ခဲ့သောညနေဆည်းဆာသည် ငါ့အတွက် ကြောက်စရာဖြစ်လေ၏။ Common Language Bible ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။ Garrad Bible ငါ့ စိတ် နှ လုံး နောက် လျက်၊ ကြောက် မက် ဖွယ် ဘေး ကြောင့် ငါ လန့် လျက်၊ ငါ မြတ် နိုး သော ညဉ့် ချမ်း အ ချိန် ပင် ထိတ် လန့် ဖွယ် ဖြစ် လေ ပြီ။ Judson Bible ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညကို ဘေးနှင့် ပြည့်စုံစေတော်မူ၏။ |
ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။
တစ်ဖန် ဟာမန်က “ထိုမျှမက မိဖုရားဧသတာသည် သူတည်ခင်းသောစားသောက်ပွဲသို့ ရှင်ဘုရင်နှင့်အတူ ငါမှလွဲ၍ အခြားသူကို မဖိတ်ခေါ်ပါ။ နက်ဖြန်နေ့တွင်လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ခေါ်ထား၏။
ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်တုန်လှုပ်ခြင်းသည် အကျွန်ုပ်အပေါ်ကျရောက်၍ ကြောက်ရွံ့စိတ်သည်လည်း အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။
ထိုအခါ ငါက “ငါ၌ ချိုးငှက်ကဲ့သို့အတောင်ရှိခဲ့လျှင် ငါသည် ပျံသန်းသွား၍ နားနေပေလိမ့်မည်။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
ထာဝရဘုရားက “သူတို့ အာသာငမ်းငမ်းဖြစ်နေချိန်တွင် ငါသည် စားသောက်ပွဲ ခင်းကျွေးမည်။ သူတို့ကို မူးအောင်တိုက်မည်။ သူတို့သည်လည်း အပျော်ကြူး၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီးကို ကျင်းပ၍ သူတို့နှင့်အတူ စပျစ်ဝိုင်ကို သောက်လျက်နေ၏။
ထိုခဏချင်းတွင် လူ့လက်ချောင်းများပေါ်လာ၍ ဆီမီးခုံရှေ့ နန်းတော်၏အင်္ဂတေနံရံပေါ်တွင် စာရေးနေ၏။ ထိုသို့စာရေးနေသောလက်ကို ရှင်ဘုရင် မြင်လေ၏။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
သင့်စိတ်ထဲ၌ကြောက်ရွံ့နေရသောအရာ၊ သင်မျက်စိ၌ မြင်နေရသောအရာတို့ကြောင့် နံနက်အချိန်၌ ‘နေဝင်ချိန်ရောက်ပါစေ’ နေဝင်ချိန်၌ ‘နံနက်အချိန်ရောက်ပါစေ’ဟု သင်ဆိုလိမ့်မည်။
လင်းယုန်သည် မိမိအသိုက်ကိုလှုပ်ခါ၍ မိမိသားငယ်တို့အပေါ်ပျံဝဲလျက်၊ မိမိတောင်ပံကိုဖြန့်လျက်၊ သားငယ်တို့ကိုချီယူပြီး မိမိတောင်ပံပေါ်တွင်သယ်ဆောင်သွားသကဲ့သို့