အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 2:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တာရှု​သင်္ဘော​နှင့် နှစ်သက်ဖွယ်​သော​ရေယာဉ် အစ​ရှိသမျှ​တို့​ကို အားလုံး​ဖျက်ဆီး​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

တာ ရှူ သင်္ဘော များ နှင့် ရှု ချင် ဘွယ် ရှိ သ မျှ အ ပေါ် သို့ လည်း‌ ကောင်း၊ ရှုတ် ချ စေ ရန် သင့် ရောက် သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

တာ​ရှု​သင်္ဘော အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှစ်​သက်​ဖွယ်​သော ရူ​ပါ​ရုံ​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း ဆီး​တား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 2:16
13 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ပိုင် တာရှု​သင်္ဘော​သည် ဟိရံ​မင်းကြီး​ပိုင်​သင်္ဘော​နှင့်အတူ ပင်လယ်​တွင် ကူးသန်း​သွားလာ​၏​။ ထို​တာရှု​သင်္ဘော​သည် သုံး​နှစ်​တစ်ခါ ပြန်လာ​ပြီး ရွှေ​ငွေ​များ​၊ ဆင်စွယ်​များ​၊ မျောက်ဝံ​များ​၊ ဒေါင်း​များ​ကို ယူဆောင်​လာ​လေ့​ရှိ​၏​။


အကြောင်းမူကား ဘုရားသခင်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ အလိမ္မာ​သီချင်း​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။


ထို​နေ့ရက်​၌ မောက်မာ​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်းသာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


တိုင်ရာ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အကြောင်းမူကား တိုင်ရာ​မြို့​သည် အိမ်​မ​ရှိ​၊ ဆိပ်ကမ်း​မ​ရှိ​တော့​သည့်​တိုင်အောင် ဖျက်ဆီး​ခံရ​လေ​ပြီ​ဟု ဆိုက်ပရပ်​ပြည်​မှတစ်ဆင့် ကြားသိ​ရ​ပြီ​။


တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ သင်​တို့​၏​ခံတပ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လေ​ပြီ​။


အကယ်စင်စစ် ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​ကြ​လိမ့်မည်​။ သင့်​ကို ဘုန်းထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အတွက်​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​အတွက် တာရှု​သင်္ဘော​တို့​သည် သင်​၏​သား​တို့​ကို သူ​တို့​၏​ရွှေ​ငွေ​များ​နှင့်အတူ အဝေး​မှ အဦးဆုံး​ခေါ်ဆောင်​လာ​လိမ့်မည်​။


သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ပုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။


တာရှု​သင်္ဘော​တို့​သည် သင့်​ကို ကုန်စည်​ကူးသန်း​ပေး​၏​။ သင်​သည် ကြွယ်ဝပြည့်စုံ​ပြီး ပင်လယ်ပြင်​တွင် အလွန်​ဂုဏ်ကျက်သရေ​ရှိ​၏​။


ထို​ပြည်​၌​နေထိုင်​သော​သူ​ရှိသမျှ​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​၍ သူ​တို့​၏​ကျောက်ဆစ်​ရုပ်တု​ရှိသမျှ​တို့​ကို ဖျက်ဆီး​ရ​မည်​။ သူ​တို့​သွန်းလုပ်​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖျက်ဆီး​၍ သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​ရှိသမျှ​တို့​ကို ဖြိုဖျက်​ရ​မည်​။


ကမ္ဘာ​မြေကြီး​ပေါ်​ရှိ ကုန်သည်​များ​သည်​လည်း သူ​တို့​၏​ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​တော့​သဖြင့် သူ့​အတွက်​ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။


ပင်လယ်​၌​ရှိ​သော သက်ရှိ​သတ္တဝါ​သုံးပုံတစ်ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံးပုံတစ်ပုံ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။