သူတို့သည် မျှော်ကြည့်သော်လည်း ကယ်တင်မည့်သူ မရှိပါ။ ထာဝရဘုရားထံမျှော်ကြည့်သော်လည်း သူတို့ကို ထူးတော်မမူပါ။
ဟေရှာယ 17:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ လူသည် မိမိ၏ဖန်ဆင်းရှင်ကို မျှော်ကြည့်၍ သူ၏မျက်စိသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို ဖူးမြင်ရလိမ့်မည်။ Common Language Bible ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။- Garrad Bible ထို ကာ လ၊ လူ တို့ သည် ကိုယ့် လက် ဖြစ် ယဇ် ပ လ္လင် များ ကို မ ဖူး မ မြော်။ လက် ဖြင့် လုပ် သော တံ ခွန် တိုင်၊ နေ မင်း တိုင် များ ကို အာ ရုံ မ ပြု ဘဲ၊ ကိုယ် ကို ဖန် ဆင်း တော် မူ သော ဘု ရား ကို ဖူး မြော် လျက်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကို အာ ရုံ ပြု ကြ လိမ့် မည်။ Judson Bible ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဖူးမျှော်ရလိမ့်မည်။ |
သူတို့သည် မျှော်ကြည့်သော်လည်း ကယ်တင်မည့်သူ မရှိပါ။ ထာဝရဘုရားထံမျှော်ကြည့်သော်လည်း သူတို့ကို ထူးတော်မမူပါ။
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
လာကြ၊ ရှိခိုးကိုးကွယ်ကြစို့။ ညွတ်တွားကြကုန်စို့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်စို့။
ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။
သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
စိတ်သဘောလွဲမှားသောသူတို့သည် အသိဉာဏ်ကိုရရှိကြလိမ့်မည်။ ညည်းတွားသောသူတို့သည် ပညာကို ခံယူကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
တစ်ဖန် ထာဝရဘုရားက “သိုးထိန်းသည် ခြင်္သေ့ခံတွင်းမှ ခြေနှစ်ချောင်း၊ နားရွက်တစ်ပိုင်းကိုသာ နုတ်ယူနိုင်သကဲ့သို့ ရှမာရိမြို့ခုတင်စွန်း၊ ဒမတ်စကပ်ညောင်စောင်းတွင်ထိုင်သော အစ္စရေးအမျိုးသားတို့သာ ကယ်နုတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါမူကား ထာဝရဘုရားကို မျှော်ကြည့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ကိုးစားမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားညောင်းတော်မူမည်။