သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ဟေရှာယ 17:13 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။ Common Language Bible ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။- Garrad Bible ဗိုလ် ထု တို့ သည် ဝဲ ဩ ဃ ကဲ့ သို့၊ တ ခဲ နက် အ သံ ပေး သော် လည်း၊ အ ဆုံး အ မ တော် ကို ခံ ရ၍ ဝေး စွာ ပြေး သွား ကြ ရာ၊ လေ တိုက် သော တောင် ပေါ် ရှိ ဖွဲ ကဲ့ သို့ လည်း ကောင်း၊ လေ ဗွေ ဝှေ့ သော အ မှိုက် ကဲ့ သို့ လည်း ကောင်း၊ လိုက် လံ ခံ ရ သည် နှင့်၊ Judson Bible အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။ |
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သွားသောဖွဲနှင့်တူကြ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုမောင်းထုတ်၍ သူတို့သည် လေထဲလွင့်ပါသွားသောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
သို့ဖြစ်၍ အဝေးဆုံးသောအရပ်တို့၌ နေထိုင်သောသူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာများကြောင့် ကြောက်ရွံ့ကြပါ၏။ ကိုယ်တော်သည် နံနက်မိုးသောက်ချိန်၊ နေဝင်ချိန်တို့၌ ရွှင်လန်းစွာသီချင်းသီဆိုသံကို ထွက်ပေါ်စေတော်မူပါ၏။
ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။
အဆီးရီးယားလူမျိုးကို ငါ့ပြည်တွင် ချိုးဖဲ့မည်။ ငါ့တောင်များပေါ်တွင် ငါနင်းချေမည်။ သူ၏ထမ်းပိုးကို အစ္စရေးလူမျိုးတို့အပေါ်မှ ဖယ်ရှားမည်။ သူ၏ဝန်ကို အစ္စရေးလူမျိုးတို့၏ပခုံးပေါ်မှဖယ်ရှားမည်”ဟု ကျိန်ဆိုတော်မူ၏။
အကယ်စင်စစ် သူတို့သည် ဓားအိမ်မှဆွဲထုတ်ထားသောဓား၊ တင်ထားသောလေး၊ ပြင်းထန်သောစစ်ပွဲမှ ထွက်ပြေးကြ၏။
ဘောလုံးကို လှိမ့်သကဲ့သို့ ကျယ်သောပြည်သို့ သင့်ကို အရှိန်နှင့်လှိမ့်တော်မူမည်။ သင်သည် ထိုပြည်၌ သေရမည်။ ဂုဏ်သရေရှိသော သင်၏စစ်ရထားတို့သည် သင့်သခင်တို့၏အမျိုးအနွယ်အတွက် ထိုပြည်၌ အရှက်ကွဲစရာဖြစ်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
သို့သော် သင့်ရန်သူအလုံးအရင်းသည် ဖုန်မှုန့်ကဲ့သို့ဖြစ်မည်။ ကြမ်းကြုတ်သူအလုံးအရင်းသည် လွင့်မျောနေသောဖွဲကဲ့သို့ ဖြစ်မည်။ ထိုကဲ့သို့ ရုတ်ခြည်းဖြစ်မည်။
ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
ထိုအကောင်တို့အတွက် နေရာချပေးတော်မူပြီ။ ကိုယ်တော်၏လက်တော်သည် မျဉ်းကြိုးတန်း၍ နေရာခွဲဝေပေးတော်မူပြီ။ ထိုအကောင်တို့သည် ထိုပြည်ကို အစဉ်အမြဲပိုင်ဆိုင်၍ မျိုးဆက်အဆက်ဆက် နေထိုင်ကြလိမ့်မည်။
လူမျိုးတို့ကို ရေပုံးထဲမှရေတစ်စက်ကဲ့သို့၊ ချိန်ခွင်ပေါ်မှ ဖုန်မှုန့်ကဲ့သို့ ထင်မှတ်၍ ကျွန်းတို့ကို မြူမှုန်ကဲ့သို့ ကိုင်တော်မူ၏။
သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။
သင့်ကို အမျက်ထွက်သောသူအားလုံး အရှက်ကွဲရလိမ့်မည်၊ အသရေပျက်ရလိမ့်မည်။ သင့်ကိုရန်ပြုသောသူတို့သည် ဘာမျှမဟုတ်သောသူကဲ့သို့ဖြစ်သွားပြီး ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်။
ကြည့်ရှုလော့။ ဘုရားရှင်သည် အဆီးရီးယားဘုရင်နှင့် သူ၏အင်အားရှိသမျှတည်းဟူသော အဟုန်ပြင်း၍များပြားသော မြစ်ရေတို့ကို သူတို့ထံရောက်စေတော်မူမည်။ မြစ်ချောင်း၊ ကမ်းပါးရှိသမျှကို ဖုံးလွှမ်းလျှံတက်သွားလိမ့်မည်။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
အမိန့်တော်ရောက်လာ၍ ဖွဲကဲ့သို့ လွင့်သွားရသောနေ့ မတိုင်မီ၊ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော် သင်တို့အပေါ် မကျရောက်မီ၊ ထာဝရဘုရား၏အမျက်တော်နေ့ သင်တို့ထံ ရောက်မလာမီ