သမင်မပင်လျှင် ကွင်းပြင်၌ သားပေါက်ပြီး မြက်ပင်မရှိသောကြောင့် သားငယ်ကိုစွန့်ပစ်ရ၏။
ဟေရှာယ 15:6 - မြန်မာ့စံမီသမ္မာကျမ်း နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။ Common Language Bible နိမရိမ်ချောင်းသည်ခန်းခြောက်လျက် ချောင်းနံ ဘေးရှိမြက်တို့သည်လည်းခြောက်သွေ့ခဲ့ပြီ ဖြစ်၍စိမ်းစိုနေသည့်အရာတစ်စုံတစ်ခု မျှမကျန်မရှိတော့ပေ။- Garrad Bible နိ မ ရိမ် ချောင်း သည် ဆိတ် ညံ ရာ ဖြစ်၍၊ မြက် ပင် ညှိုး နွမ်း လျက်၊ မြက် နု သေး သိမ် လျက်၊ ကောက် တစ် ပင် မျှ မ ရှိ သ ဖြင့်၊ ဆည်း ပူး ကွယ် ဝှက် သော ဥ စ္စာ များ ကို၊ Judson Bible အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်း သေခဲ့ပြီ။ စိမ်းသောအပင် တစ်ပင်မျှမရှိ။ |
သမင်မပင်လျှင် ကွင်းပြင်၌ သားပေါက်ပြီး မြက်ပင်မရှိသောကြောင့် သားငယ်ကိုစွန့်ပစ်ရ၏။
နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။
ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။