အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။
ဟေရှာယ 11:6 - မြန်မာ့စံမီသမ္မာကျမ်း ဝံပုလွေသည် သိုးသငယ်နှင့်အတူနေထိုင်၍ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူလဲလျောင်းလိမ့်မည်။ နွားသငယ်၊ ခြင်္သေ့ပျိုနှင့် ဆူဖြိုးသောတိရစ္ဆာန်တို့သည် အတူနေကြ၍ ကလေးသူငယ်သည် ထိုအကောင်တို့ကို ထိန်းကျောင်းလိမ့်မည်။ Common Language Bible ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။ Garrad Bible ထို အ ခါ ဝံ ပု လွေ သည် သိုး ငယ် နှင့် တည်း ခို ခြင်း၊ ကျား သစ် လည်း ဆိတ် ငယ် နှင့် ဝပ် ခြင်း၊ နွား ကြီး၊ နွား ငယ်၊ ခြင်္သေ့ တို့ သည် ပေါင်း သင်း ခြင်း ပြု ကြ သည် နှင့်၊ သူ ငယ် က ပင် မောင်း နှင် ခွင့် ရှိ လိမ့် မည်။ Judson Bible တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ |
အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။