သူတို့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ တိုင်းပြည်တို့မှ ခေါ်ယူစုစည်းတော်မူ၏။
ဟေရှာယ 11:12 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။ Common Language Bible မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။- Garrad Bible လူ မျိုး ခြား တို့ အ ဖို့ အ လံ ကို စိုက် ထူ တော် မူ ပြီး လျှင်၊ နှင် ထုတ် ခံ ရ သော ဣ သ ရေ လ အ မျိုး သား တို့ နှင့် နှံ ပြား လျက် ရှိ သော ယု ဒ အ မျိုး သား တို့ ကို မြေ လေး မျက် နှာ မှ သိမ်း ယူ စု ရုံး တော် မူ လိမ့် မည်။ Judson Bible တစ်ပါးအမျိုးသားတို့အဖို့ အလံကိုထူတော်မူသဖြင့်၊ နှင်ထုတ်သော ဣသရေလအမျိုးသားနှင့်၊ အရပ်ရပ်ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်နှာတို့မှခေါ်၍ စုဝေးစေတော်မူလိမ့်မည်။ |
သူတို့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ တိုင်းပြည်တို့မှ ခေါ်ယူစုစည်းတော်မူ၏။
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် လေးသမားရှေ့မှထွက်ပြေးနိုင်ရန် အချက်ပြအလံကို ကိုယ်တော်လွှင့်ထူပေးခဲ့ပါ၏။(စေလာ)
ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။ ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။
ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် တိုင်းနိုင်ငံတို့ကို လက်မြှောက်ပြမည်။ လူမျိုးတကာတို့ကို အချက်ပြအလံ ထူပြမည်။ သူတို့သည် သင်၏သားတို့ကို လက်ထဲ၌ပွေ့ချီလာမည်။ သင်၏သမီးတို့ကို ပခုံးပေါ်၌ ထမ်းလာကြမည်။
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။
သင့်ကိုရွေးနုတ်သောအရှင်ထာဝရဘုရားက “သင့်ကို ခေတ္တခဏသာ ငါစွန့်ပစ်၏။ ကြီးမားသောကရုဏာဖြင့် သင့်ကို ပြန်လည်စုစည်းမည်။
နှင်ထုတ်ခံရသောအစ္စရေးလူမျိုးတို့ကို စုစည်းတော်မူသော ဘုရားရှင်ထာဝရဘုရားက “စုစည်းပြီးသောသူတို့အပြင် အခြားသောသူတို့ကို အစ္စရေးလူမျိုးတို့ထံ၌ ငါထပ်၍စုစည်းမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို ကွဲလွင့်ရာအရပ်ရပ် လူမျိုးတကာတို့ထံမှ ပြန်လည်စုဝေးစေမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့အား သိစေမည်။ ငါ့အစေအပါးယာကုပ်အား ငါပေးခဲ့သောပြည်တွင် အစ္စရေးလူမျိုးတို့ နေထိုင်ရကြမည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
အီသီယိုးပီးယားမြစ်တစ်ဖက်ကမ်းရှိ ငါ့ကိုဝတ်ပြုကိုးကွယ်သူများဖြစ်သည့် ကွဲလွင့်နေသောငါ့လူမျိုးတော်သမီးပျိုများသည် ငါ့အဖို့ ဘောဇဉ်ပူဇော်သက္ကာကို ယူဆောင်လာကြလိမ့်မည်။
ငါသည် ယုဒအမျိုးအနွယ်ကို ခွန်အားနှင့်ပြည့်စေမည်။ ယောသပ်အမျိုးအနွယ်ကို ကယ်တင်မည်။ သူတို့ကိုသနားစုံမက်သောကြောင့် ပြန်လည်ခေါ်ဆောင်လာမည်။ သူတို့သည် ငါမစွန့်ပယ်ဖူးသောသူကဲ့သို့ ဖြစ်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို ငါထူးမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ နေထွက်ရာအရပ်၊ နေဝင်ရာအရပ်တို့မှ ငါ့လူမျိုးတော်တို့ကို ငါကယ်နုတ်မည်။
ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။
“ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့နောက် ကောင်းကင်တမန်လေးပါးသည် ကမ္ဘာမြေကြီး၏ထောင့်လေးထောင့်တွင်ရပ်လျက် မြေကြီးပေါ်သို့လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်ရှိသမျှအပေါ်သို့လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာ၏လေတို့အား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။