ငါနှင့် ငါ့ဘိုးဘေးတို့သည် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့အား မည်သို့ပြုခဲ့သည်ကို သင်တို့မသိကြသလော။ မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့၏ပြည်များကို ငါ့လက်မှ အမှန်တကယ်ကယ်နုတ်နိုင်သလော။
ဟေရှာယ 10:14 - မြန်မာ့စံမီသမ္မာကျမ်း ငှက်သိုက်ကိုရယူနိုင်သကဲ့သို့ ငါ့လက်သည် လူမျိုးတို့၏ဥစ္စာပစ္စည်းကို ရယူနိုင်ပြီ။ စွန့်ပစ်ထားသောငှက်ဥတို့ကို ကောက်သိမ်းသကဲ့သို့ ငါသည် မြေတစ်ပြင်လုံးကို ကောက်သိမ်းပြီ။ တောင်ပံခတ်ခြင်း၊ နှုတ်ဟခြင်း၊ မြည်တွန်ခြင်း မရှိ”ဟု ဆို၏။ Common Language Bible ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။ Garrad Bible လူ မျိုး တို့၏ ဘ ဏ္ဍာ တိုက် များ ကို ငှက် သိုက် သ ဖွယ် လက် နှိုက် လျက်၊ စွန့် ခဲ့ သော ဥ များ ကို သိမ်း ယူ သည့် နည်း တူ မြေ တစ် ပြင် လုံး ကို ငါ သိမ်း ယူ ခဲ့ ရာ၊ အ တောင် ခတ် ခြင်း၊ နှုတ် သီး ဖွင့် ခြင်း၊ မြည် တွန် ခြင်း ကို မျှ မ ပြု ဝံ့ ကြ ဟု ကြိမ်း ပ လေ ၏။ Judson Bible ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကိုတွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာ ရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည်ဖြစ်၍၊ |
ငါနှင့် ငါ့ဘိုးဘေးတို့သည် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့အား မည်သို့ပြုခဲ့သည်ကို သင်တို့မသိကြသလော။ မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့၏ပြည်များကို ငါ့လက်မှ အမှန်တကယ်ကယ်နုတ်နိုင်သလော။
ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊
ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။
နေရာလပ်မရှိတော့သည်အထိ အိမ်တစ်အိမ်နှင့်တစ်အိမ်ကပ်နေအောင်၊ လယ်တစ်ကွက်နှင့်တစ်ကွက်ဆက်နေအောင် ပြုသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုမြေအလယ်၌ သင်တစ်ဦးတည်း နေထိုင်ရလိမ့်မည်။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငွေတို့ကို လုယူကြ။ ရွှေတို့ကို လုယက်ကြ။ အဖိုးမဖြတ်နိုင်သောရတနာပစ္စည်းတို့သည် အတိုင်းမသိ များလှ၏။