၂ ရာချုပ် 32:13 - မြန်မာ့စံမီသမ္မာကျမ်း13 ငါနှင့် ငါ့ဘိုးဘေးတို့သည် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့အား မည်သို့ပြုခဲ့သည်ကို သင်တို့မသိကြသလော။ မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့၏ပြည်များကို ငါ့လက်မှ အမှန်တကယ်ကယ်နုတ်နိုင်သလော။ အခန်းကိုကြည့်ပါ။Common Language Bible13 ငါနှင့်ငါ၏ဘိုးဘေးများသည်အတိုင်းတိုင်း အပြည်ပြည်မှလူတို့အားအဘယ်သို့ပြု ခဲ့သည့်ကိုသင်တို့မသိကြပါသလော။ အခြားအဘယ်တိုင်းနိုင်ငံ၏ဘုရားများ သည်မိမိတို့လူများအားအာရှုရိဧကရာဇ် ၏လက်မှကယ်ခဲ့ကြပါသနည်း။- အခန်းကိုကြည့်ပါ။Garrad Bible13 တိုင်း နိုင် ငံ တ ကာ ကို၊ ဘေး တော် ဘိုး တော် တို့ မှ စ၍၊ ငါ လက် ထက် တိုင်၊ မည် သို့ စီ ရင် ခဲ့ ကြောင်း မ သိ ကြ လော။ တိုင်း နိုင် ငံ သား တို့ ဘု ရား များ သည် ကိုယ့် ပြည် ကို ငါ့ လက် မှ လွတ် မြောက် စေ ဘူး သ လော။ အခန်းကိုကြည့်ပါ။Judson Bible13 ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည်များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှာ တတ်စွမ်းနိုင်သလော။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။